Saturday, March 3, 2018

အာဆင်နယ်ကို သုံးဂိုးပြတ်နိုင်ပြီးနောက်၁၆ မှတ်အထိ မန်စီးတီး ဖြတ်ထားနိုင်

Image may contain: 2 people, people smiling, people playing sports and outdoor
အာဆင်နယ်အသင်းနှင့် မန်စီးတီးအသင်းတို့သည် ပရီမီယာလိဂ်ပွဲစဉ်(၂၈)အဖြစ် မတ် ၁ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ မန်စီးတီးအသင်းက သုံးဂိုးပြတ်နိုင်ပွဲရရှိခဲ့သည်။ မန်စီးတီး အသင်းသည် ယင်းသို့နိုင်ပွဲရရှိခဲ့ခြင်းကြောင့် လက်ရှိအမှတ်ပေးဇယားတွင် ဒုတိယနေရာက မန်ယူအသင်းကို ၁၆ မှတ်အထိဖြတ်ထားနိုင်ခဲ့ပြီဖြစ်သည်။
ယင်းပွဲစဉ်တွင် မန်စီးတီးအသင်းအတွက် သွင်းဂိုးများကို ဘာနာဒိုဆေးလ်ဗား၊ ဒေးဗစ် ဆေးလ်ဗားနှင့် လီရွိုင်းဆာနေးတို့က သွင်းယူပေးခဲ့ခြင်းဖြစ်ပြီး အာဆင်နယ်အသင်းမှာ ရရှိခဲ့ သည့်ပင်နယ်တီသွင်းဂိုးကိုပင် ဂိုးအဖြစ်ပြောင်းလဲနိုင်စွမ်းမရှိခဲ့ခြင်းကြောင့် ချေပဂိုးတစ်ဂိုးပင် မရရှိခဲ့ပေ။
မန်စီးတီးအသင်းသည် အာဆင်နယ်အသင်းကို အနိုင်ရရှိခဲ့ခြင်းကြောင့် ငါးရက်တာအတွင်း အာဆင်နယ်အသင်းနှင့် နှစ်ကြိမ်တိုင်တိုင်တွေ့ဆုံခဲ့ရာ နှစ်ကြိမ်စလုံး အနိုင်ရရှိခဲ့ခြင်းဖြစ် သည်။ လက်ရှိတွင် မန်စီးတီးအသင်းသည် ပရီမီယာလိဂ် လက်ကျန် ၁ဝ ပွဲကစားရန်ကျန်ရှိ နေချိန်တွင် ရမှတ် ၇၅ မှတ်အထိ ရယူစုဆောင်းနိုင်ခဲ့ခြင်းကြောင့် ပရီမီယာလိဂ်ဖလား ဆွတ် ခူးရန်လည်းအလွန်နီးစပ်သွားခဲ့ပြီဖြစ်သည်။
လက်ကျန်ပွဲစဉ်များအနက် ငါးပွဲအနိုင်ရရှိခဲ့လျှင်ပင် ပရီမီယာလိဂ်ဖလားကို ကိုင်မြှောက် အောင်ပွဲခံနိုင်တော့မည်ဖြစ်ပြီး နည်းပြဂွါဒီယိုလာနှင့် ကစားသမားများ၏ စွမ်းဆောင်မှု ကောင်းမွန်ခြင်းကြောင့် ပရီမီယာလိဂ်ဖလားတွင် ချန်ပီယံဖြစ်ရန် နီးစပ်ခဲ့သည့်အပြင် ချန်ပီယံ လိဂ်တွင်လည်း နောက်တစ်ဆင့်တက်လှမ်းရန် အခြေအနေကောင်းသွားခဲ့ပြီဖြစ်သည်။
ငွေကြယ်

No comments:

Post a Comment