Friday, March 2, 2018

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ပူတာအိုဒေသရှိ ပြည်သူများအတွက် ဆန်နှင့်စားနပ်ရိက္ခာများ တပ်မတော်လေယာဉ်ဖြင့် ပို့ဆောင်

Image may contain: one or more people and outdoor
မြစ်ကြီးနား မတ် ၁
ကချင်ပြည်နယ်အတွင်း လတ်တလောအခြေအနေများအရ ပူတာအိုဒေသ၌ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများ ရိက္ခာပြတ်လပ်မှု မရှိစေရေးအတွက် ကချင် ပြည်နယ်အစိုးရအဖွဲ့မှ လိုအပ်လျက်ရှိသော ဆန်နှင့် အခြားစားနပ်ရိက္ခာများကို ဖေဖော်ဝါရီ ၂၈ ရက်နှင့် မတ် ၁ ရက်တို့တွင် မြစ်ကြီးနားမြို့ နန်ပေါင်လေဆိပ်မှတစ်ဆင့် ပူတာအိုမြို့သို့ တပ်မတော်ကုန်တင်လေယာဉ်ဖြင့် တင်ပို့ ပေးလျက်ရှိသည်။
ယင်းသို့ ပို့ဆောင်ရာတွင် နန်ပေါင်လေဆိပ်၌ တပ်မတော်သားများ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ တို့က ပါဝင်ကူညီပို့ဆောင်ပေးခဲ့ကြပြီး ဖေဖော်ဝါရီ ၂၈ ရက်တွင် ဆန်အိတ် ၂၅၇ အိတ်ကို တပ်မတော် ကုန်တင် လေယာဉ်ဖြင့် နှစ်ခေါက်ပို့ဆောင်ပေးခဲ့ပြီး ယနေ့ နံနက် ပိုင်းမှစတင်၍ ဆန်အိတ် ၃ဝ၃ အိတ်၊ ဆီ ၁ဝ ပိဿာဝင် ၁ဝ ပုံး၊ ကြက်သွန်နီ ငါးအိတ်၊ ကြက်သွန်ဖြူ လေးအိတ်၊ ခေါက်ဆွဲခြောက် ၁ဝ ဖာနှင့် ပဲနီလေး တစ်အိတ်၊ ခရမ်း ချဉ်သီး၊ ကြက်ဥ၊ လက်ဖက်၊ ငါးခြောက်နှင့် ပေါင်မုန့် စသည့် စားနပ်ရိက္ခာများကို တပ်မတော်ကုန်တင် လေယာဉ်ဖြင့် ပူတာအိုမြို့သို့ သုံးခေါက်ပို့ဆောင်ပေး ခဲ့ကြရာ ပူတာအိုလေဆိပ်၌ ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော အဆိုပါစားနပ်ရိက္ခာများကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ တပ်မတော်သားများနှင့် ဌာနနေပြည်သူ့ စစ်တပ်ဖွဲ့ဝင်များ၏ ပူးပေါင်းကူညီမှုဖြင့် လက်ခံရယူ လျက်ရှိကြသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပူတာအိုဒေသ ရှိ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများအတွက် ရိက္ခာထောက်ပံ့မှုအနေဖြင့် စုစုပေါင်း ဆန်အိတ် ၅၆ဝ၊ စားသုံးဆီပိဿာ ၁ဝဝ နှင့် အခြားစားသောက်ကုန် ပစ္စည်းများကို ပို့ဆောင်ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း သိရ သည်။
ပြည်နယ်(ပြန်/ဆက်)

No comments:

Post a Comment