Sunday, March 4, 2018

ဆလိုဗက်ကီးယားနိုင်ငံတွင် သတင်းထောက်တစ်ဦး သတ်ဖြတ်ခံရခြင်းအပေါ် ပြည်သူများ ဆန္ဒထုတ်ဖော်

Image may contain: one or more people
ဘရာတီဆလာဗာ မတ် ၃
သတင်းထောက်တစ်ဦး လုပ်ကြံသတ်ဖြတ်ခံရခြင်းနှင့်ပတ်သက်ပြီး တရားမျှတသော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးရန် ပြည်သူ ၂ဝဝဝဝ ခန့်က ဆလိုဗက်ကီးယား နိုင်ငံမြို့တော် ဘရာတီဆလာဗာ၏ လမ်းမများပေါ်တွင် စုဝေးကာ ဆန္ဒထုတ်ဖော်လျက်ရှိကြောင်း ယနေ့ သတင်းများအရ သိရသည်။
ဖေဖော်ဝါရီ ၂၅ ရက်တွင် အသက် (၂၇)နှစ်အရွယ် ရှိသော သတင်းထောက် ဂျန် ကူဆီယက်ခ်အား သူ၏အိမ်၌ သူ၏ချစ်သူနှင့်အတူ သေဆုံးလျက်ရှိသည်ကို တွေ့ရှိခဲ့ရသည်။ သတင်းထောက် ဂျန် ကူဆီယက်ခ်သည် ဆလိုဗက်ကီးယား အစိုးရအဖွဲ့နှင့် အီတလီမာဖီးယား ဂိုဏ်းတို့ လျှို့ဝှက်ပူးပေါင်းကြံစည်မှုများကို လိုက်လံ စုံစမ်းခဲ့ခြင်းကြောင့် သူ့အား လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ် နိုင်ဖွယ်ရှိသည်ဟု ဒေသန္တရမီဒီယာများက ဆိုသည်။
ဆန္ဒထုတ်ဖော်သူများက အဆိုပါလုပ်ကြံသတ်ဖြတ် ခြင်းနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးရန် တောင်းဆိုခဲ့ကြသည်။ ထို့ပြင် ဆန္ဒထုတ်ဖော်သူတစ်ဦးက ယင်းပြစ်မှုနှင့်ပတ်သက်ပြီး နောက်ကွယ်မှ ကြိုးကိုင်သူ များကိုပါ ဖော်ထုတ်စေလိုကြောင်း မီဒီယာသို့ ပြောကြား ခဲ့သည်။
ယခုအချိန်တွင် ပြည်သူများအနေဖြင့် နိုင်ငံရေး သမားများကို နိုင်ငံ၏ အနာဂတ်ရှေ့ရေးအတွက် ယုံကြည်ရန် သင့်၊ မသင့် ဆုံးဖြတ်ရမည့် အချိန်အခါ ကောင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်သူတစ်ဦးက ဆိုသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment