Saturday, March 3, 2018

စစ်တွေမြို့၌ နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်

Image may contain: one or more people and indoor
စစ်တွေ မတ် ၂
မျိုးဆက်သစ် ကလေးသူငယ်များ၏ အသိအလိမ္မာ တိုးတက်စေရန်၊ ရိုးရာယဉ်ကျေးမှုနှင့် သာသနာရေးဆိုင်ရာ ဗဟုသုတများ တိုးပွားစေရန်၊ အမျိုးဘာသာ သာသနာ အတွက် သားသမီးကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် စစ်တွေမြို့ မောလိပ်ရပ်ကွက်ရှိ ကလျာဏကာရီဝတ်ရွတ်အဖွဲ့ ဓမ္မာရုံ၌ ကျင်းပသည်။
အခမ်းအနားတွင် ကလျာဏကာရီဝတ်ရွတ်အဖွဲ့ ဓမ္မာရုံနာယက ပြည်နယ်ပညာရေးမှူး (ငြိမ်း) ဦးစံလှကျော် က အဖွင့်အမှာစကား ပြောကြားပြီး စစ်တွေတက္ကသိုလ် မြန်မာစာကထိက(ငြိမ်း) စစ်တွေမြို့ ပညာလောက အဘိဓမ္မာသင်တန်းမှ လက်ထောက်ဆရာ ဦးကျော်မင်းနှင့် ဦးမြသိန်းတို့က သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။
သင်တန်းကို ယနေ့မှ မတ် ၈ ရက်အထိ ဖွင့်လှစ် သွားမည်ဖြစ်ပြီး ယဉ်ကျေးလိမ္မာဘာသာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်သည်။
အဆိုပါသင်တန်းသို့ စစ်တွေမြို့ပေါ်ရှိ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၅ဝ တက်ရောက်သင်ကြားလျက်ရှိသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)

No comments:

Post a Comment