Saturday, March 3, 2018

တေလာဆွစ်၏ နယ်လှည့်ဖျော်ဖြေပွဲအဖွင့်မှာ ကမ်မီလာကပ်ဘဲလိုနှင့် ချာလီအက်ဇ်စီအက်ဇ်တို့ ပါဝင်မည်

Image may contain: 3 people, people smiling, people standing
နာမည်ကျော် ပေါ့ပ်ကြယ်ပွင့်တစ်ဦးဖြစ်သူ တေလာဆွစ်ဟာ သူ့ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ တေးအယ်လ်ဘမ် ''Reputation''အတွက် နယ်လှည့်ဖျော်ဖြေပွဲ အစီအစဉ် တွေနဲ့ပတ်သက်ပြီး လတ်တလောမှာတော့ ထုတ်ဖော်ပြော ကြားလာခဲ့တာ ဖြစ်ပါတယ်။ တေလာဆွစ်က သူ့ရဲ့ လူမှု ကွန်ရက်မီဒီယာတစ်ခုဖြစ်တဲ့ အင်စတာဂရမ်စာမျက်နှာ ပေါ်မှာ နယ်လှည့်ဖျော်ဖြေရေးခရီးစဉ်အဖွင့်မှာ အခြား သော နာမည်ကျော်တွေဖြစ်ကြတဲ့ ကမ်မီလာကပ်ဘဲလိုနဲ့ ချာလီအက်ဇ်စီအက်ဇ်တို့ ပါဝင်သွားမှာဖြစ်ကြောင်း ပရိသတ်တွေကို ထုတ်ဖော်အသိပေးလာခဲ့တာ ဖြစ်တယ်လို့ အီးအွန်လိုင်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၁ ရက်မှာ လူမှုကွန်ရက်စာမျက်နှာပေါ် ကနေတစ်ဆင့် ဒီလိုထုတ်ဖော်ပြောကြားခဲ့ရာမှာလည်း တေလာဆွစ်က သူ့အနေနဲ့ နယ်လှည့်ဖျော်ဖြေပွဲပြုလုပ်ကာ ပရိသတ်တွေနဲ့ တွေ့ဆုံရတော့မယ့်အရေးကို စိတ်လှုပ်ရှား နေမိကြောင်းလည်း ထည့်သွင်းရေးသားဖော်ပြခဲ့တာ တွေ့ရပါတယ်။
အေးပြည့်

No comments:

Post a Comment