Saturday, March 3, 2018

အများပြည်သူရုံးပိတ်ရက်အတွင်း သံဖြူဇရပ်မီးရထားပြတိုက်သို့ လေ့လာကြည့်ရှုသူ များပြား

Image may contain: one or more people, sky and outdoor
သံဖြူဇရပ် မတ် ၂
မတ် ၁ ရက်မှ ၄ ရက်အထိသည် အစိုးရရုံးများ၊ စက်ရုံ၊ အလုပ်ရုံများ ပိတ်ရက်ဖြစ်ခြင်းကြောင့် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်းသို့ ဘုရားဖူး နှင့် ဒေသန္တရလေ့လာရေးခရီး ထွက်ခွာသည့်အဖွဲ့များ ရောက်ရှိမှု များပြားကြောင်း သိရသည်။
အထူးသဖြင့် သံဖြူဇရပ်မြို့နယ် အတွင်းရှိ တန်ခိုးကြီးဆံတော်ရှင် ကျိုက္ခမီရေလယ်ဘုရားနှင့် စက်စဲ ကမ်းခြေသို့ ရပ်ဝေးမှ ပြည်သူများသည် ကိုယ်ပိုင်ယာဉ်များ၊ စီးလုံးငှား ဘုရားဖူး အဖွဲ့များဖြင့် ရောက်ရှိကြပြီးနောက် အပြန်ခရီးတွင် သံဖြူဇရပ်မြို့ရှိ ဒုတိယကမ္ဘာစစ်၏ သမိုင်းကို ဖော်ပြ ထားသည့် သေမင်းတမန်မီးရထား ပြတိုက်သို့ ဝင်ရောက်၍ လေ့လာ ကြည့်ရှုသူ အလွန်များပြားကြောင်း မြင်တွေ့ရသည်။
''ကျွန်တော် ကိုမျိုးဝေပါ၊ ရန်ကုန် ကပါ၊ ကုမ္ပဏီဝန်ထမ်းဖြစ်ပါတယ်၊ အခု အလုပ်ပိတ်ရက်လေးရက်ရလို့ သူငယ်ချင်းတွေ စုပြီးတော့ ကျိုက်ထီးရိုးနဲ့ ကျိုက္ခမီဘက် ဘုရားဖူး ဖို့ ထွက်လာတာပါ၊ သံဖြူဇရပ် သေမင်းတမန် မီးရထားပြတိုက်လည်း လေ့လာသင့်တာဖြစ်လို့ ဝင်ရောက် လေ့လာကြတာပါ၊ ဒုတိယကမ္ဘာစစ်ရဲ့ အနိဌာရုံသမိုင်းအချို့ကို ဗဟုသုတ ရရှိပါတယ်''ဟူ၍ ပြောသည်။
ယခုလ အများပြည်သူရုံးပိတ်ရက် လေးရက်အတွင်း အနယ်နယ်အရပ် ရပ်မှ ဘုရားဖူးဧည့်သည် အများစု သည် သံဖြူဇရပ်မြို့ကို ဖြတ်သန်း၍ တနင်္သာရီတိုင်းဒေသကြီး ထားဝယ် မြို့နှင့် မြိတ်မြို့သို့ မှန်လုံယာဉ်ကြီးများ ဖြင့် သွားရောက်မှုများပြားပြီး လမ်း ကြောင်းပေါ်ရှိ မီးရထားပြတိုက်သို့ လည်း ဝင်ရောက်လေ့လာကြည့်ရှု ကြောင်း သိရသည်။
ကျော်ဝင်း(ပြန်/ဆက်)

No comments:

Post a Comment