Friday, March 30, 2018

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်တွင်း၊ ပြည်ပခရီးသွားဝင်ရောက်မှု များပြား

Image may contain: one or more people, tree and outdoor
မုံရွာ မတ် ၂၉
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မုံရွာ၊ ကလေး၊
စစ်ကိုင်း၊ ရွှေဘို၊ ကသာမြို့များသည် ရှေးဟောင်း
အမွေအနှစ်များ၊ အထင်ကရနေရာများစွာရှိ သဖြင့် ပြည်တွင်း၊ ပြည်ပခရီးသွားဝင်ရောက်မှု မှာ နှစ်စဉ်မြင့်တက်လျက်ရှိရာ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ပြည်ပခရီးသွား ၂၄၁၂၉ ဦး၊ ပြည်တွင်းခရီးသွား ၁ဝ၉၅၂၁ ဦး စုစုပေါင်း
၁၃၃၆၅ဝ ဝင်ရောက်ခဲ့ပြီး ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာ
နှစ် ဖေဖော်ဝါရီလအထိ ပြည်တွင်းခရီးသွား ၁၂၇၇၉ဝ နှင့် ပြည်ပခရီးသွား ၂၆ဝ၉၉ ဦးအထိ
ဝင်ရောက်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။
''၂ဝ၁၇ ခုနှစ်ထဲမှာဆိုရင် ဗန်းမောက်မြို့နယ်
က ဇလုံတောင်ဘုရားကို ပြည်တွင်းခရီးသွား
တွေ ပိုပြီးစိတ်ဝင်တစားနဲ့ သွားကြတာ တွေ့ရ
တယ်၊ အဲဒါနဲ့တစ်ဆက်တည်း အင်းတော်မြို့နယ်
က မန်လည်ဆရာတော်ကြီး ရုပ်ကလာပ်တော်ရှိ
တဲ့ မန်လည်ကျောင်းကိုလည်း ခရီးသွားတွေ
ဝင်ရောက်မှုဟာ များလာတယ်။ မိသားစုလိုက်၊
အဖွဲ့လိုက် ခရီးသွားလို့ ကောင်းတဲ့နေရာတွေ
လည်း အများကြီးရှိပါသေးတယ်၊ လာမယ့်နှစ်
တွေမှာလည်း ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေ
ပိုပြီးတော့ တိုးတက်လာမယ့် အခြေအနေမှာရှိနေ ပါတယ်'' ဟု စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်
နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တိုင်း
ဒေသကြီးဦးစီးမှူး ဦးအောင်သူဦးက ပြောသည်။
၂ဝ၁၇ ခုနှစ် ဧပြီမှ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီ အထိ မုံရွာဇုန်တွင် ပြည်ပခရီးသွား ၁၉၇၄၈ ဦး၊
ပြည်တွင်းခရီးသွား ၈၇၂၂၆ ဦး စုစုပေါင်း
၁ဝ၆၉၇၄ ဦး၊ ကလေးဇုန်တွင် ပြည်ပခရီးသွား ၄၄၂၆ ဦး၊ ပြည်တွင်းခရီးသွား ၁၉၁၁၇ ဦး စုစုပေါင်း ၂၃၅၄၃ ဦး၊ စစ်ကိုင်းဇုန်တွင် ပြည်ပ
ခရီးသွား ၁ဝ၉၅ ဦး၊ ပြည်တွင်းခရီးသွား ၁ဝ၇၇၁
ဦး စုစုပေါင်း ၁၁၈၆၆ ဦး၊ ရွှေဘိုဇုန်တွင် ပြည်ပ
ခရီးသွား ၅၄၃ ဦး၊ ပြည်တွင်းခရီးသွား ၄၅၃ဝ
စုစုပေါင်း ၅ဝ၇၃ ဦး၊ ကသာဇုန်တွင် ပြည်ပ
ခရီးသွား ၂၈၇ ဦး၊ ပြည်တွင်းခရီးသွား ၆၁၄၆
ဦး စုစုပေါင်း ၆၄၃၃ ဦး စုစုပေါင်း ပြည်တွင်း၊
ပြည်ပခရီးသွား ၁၅၃၈၈၉ ဦး ဝင်ရောက်ခဲ့
ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)

No comments:

Post a Comment