Friday, March 30, 2018

မန္တလေးပညာရေးကောလိပ်၌ ပထမအကြိမ်သင်္ကြန်အကြိုပွဲ ပျော်ရွှင်စွာဆင်နွှဲ

Image may contain: one or more people, people standing, crowd and outdoor
မန္တလေး မတ် ၂၉
မန္တလေးပညာရေးကောလိပ် ကျောင်း
သား ကျောင်းသူများ ဦးဆောင် ကျင်းပ
သည့် ပထမအကြိမ်သင်္ကြန်အကြို
ပွဲတော်ကို မတ်၂၈ ရက် နံနက် ၈
နာရီတွင် ကျင်းပသည်။
ပထမအကြိမ် သင်္ကြန်အကြိုပွဲတော်
တွင် ကျောင်းအုပ်ကြီး ဦးဗိုလ်မြင့်က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး နှစ်သစ်
အကြိုအဖွင့်အမှာစကား ပြောကြား
သည်။ ထို့နောက်ကျောင်းသား ကျောင်း
သူများက 'မန္တလေးပညာရေးကောလိပ်'
သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး ကျောင်း တွင်း သင်္ကြန်ပွဲတော်ကို စတင်ဖွင့်လှစ် သည်။
သင်္ကြန်အကြိုပွဲတော်တွင် ကျောင်း
သား ကျောင်းသူများသည် တစ်ဦးနှင့်
တစ်ဦးရေများ၊ ရေမြှုပ်များဖြင့် ပက်
ဖျန်းခြင်း၊ သီဆိုကခုန်ခြင်းတို့ဖြင့်
ပျော်ရွှင်စွာ ဆင်နွှဲကြသည်။ သင်္ကြန်
ပွဲတွင် မြန်မာ့ရိုးရာစားသောက်ဖွယ်ရာ
များဖြင့် စတုဒိသာကျွေးမွေးကြကြောင်း
သိရသည်။
မန္တလေး ပညာရေးကောလိပ် ကျောင်းအုပ်ကြီး ဦးဗိုလ်မြင့်၊ ဒုတိယ
ကျောင်းအုပ်ကြီး၊ သင်တန်းရေးရာ
ဌာနမှူး၊ မော်ကွန်းထိန်းနှင့် ဆရာ၊ ဆရာမ
များ၊ ကျောင်းသား ကျောင်းသူများသည် မန္တလေးပညာရေးကောလိပ် ဘောလုံး
ကွင်း၌ ပထမအကြိမ် သင်္ကြန်အကြိုပွဲ
ကို အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြ
သည်။
သီဟကိုကို(မန္တလေး)

No comments:

Post a Comment