Sunday, March 4, 2018

ချောင်းသာကမ်းခြေနှင့် ကျောက်မောင်နှမကမ်းခြေတို့တွင် စည်ကား

Image may contain: one or more people, ocean, sky, beach, water, outdoor and nature
ရွှေသောင်ယံ မတ် ၃
မတ်လအတွင်း ရုံးလေးရက်ပိတ်သောကြောင့် ချောင်းသာကမ်းခြေနှင့် ကျောက်မောင်နှမကမ်းခြေတို့တွင် အပန်းဖြေသူများ ပိုမိုများပြားစည်ကားလျက် ရှိကြောင်း တွေ့ရသည်။
ရုံးပိတ်ရက်ကာလအတွင်း မြန်မာနိုင်ငံအရပ်ရပ်ရှိ အစိုးရရုံးဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများနှင့် အခြားအပန်းဖြေဧည့်သည်များ စိတ်အေးချမ်းသာစွာ လာရောက်အနားယူနိုင်ခွင့်ရ၍ ပျော်ရွှင်နေကြသလို ဒေသခံများမှာလည်း ရောင်းရေးဝယ်တာများ ကောင်းမွန်ခြင်းကြောင့် ဝမ်းသာပျော်ရွှင်လျက်ရှိ သည်။
ယခုအခါ ချောင်းသာကမ်းခြေနှင့် ကျောက်မောင်နှမကမ်းခြေသည် ဒွန်တွဲလျက်ရှိပြီး တစ်ဆက်တစ်စပ်တည်း ရွှေသောင်ယံကမ်းခြေသို့ပါ ဧည့်သည် များ တစ်ဖွဲဖွဲဆင်းလျက်ရှိသည်ကို မတ် ၃ ရက်က တွေ့ရသည်။ ရုံးပိတ်ရက်ရှည် အတွင်း ကမ်းခြေသို့ လာရောက်သော ဧည့်သည်များမှာ ပင်လယ်လေညင်းခံ ကာ အုန်းရည်သောက်ခြင်း၊ မြင်းစီးခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ ရေကူးခြင်း၊ သဘာဝ ပင်လယ်သယံဇာတများအား လေ့လာကြခြင်းဖြင့် ရုံးပိတ်ရက်လေးရက် ကို အကျိုးရှိရှိ စိတ်အေးချမ်းသာစွာ အနားယူအပန်းဖြေကြကြောင်း တွေ့ရှိရ သည်။

ကိုကိုမောင်(ပြန်/ဆက်)

No comments:

Post a Comment