Sunday, March 4, 2018

အားလပ်ရက်ရှည်တွင် ကမ္ဘာကျော်ဦးပိန်တံတားသို့ ပြည်တွင်း ပြည်ပခရီးသွားများဖြင့် အထူးစည်ကား

Image may contain: 7 people, people smiling, people standing and outdoor
မန္တလေး မတ် ၃
အားလပ်ရက်ရှည် ဖြစ်နေသော ကြောင့် ကမ္ဘာကျော်ဦးပိန်တံတားသို့ လာရောက်လည်ပတ်သော ပြည်တွင်း ပြည်ပခရီးသွားများ အထူးစည်ကား လျက်ရှိသည်။ အဆိုပါ လာရောက် လည်ပတ်သူများထဲမှ အချို့နှင့် တွေ့ဆုံ မေးမြန်းသည်များကို ရေးသားတင်ပြ လိုက်ရပါသည်။
ကိုတင့်လွင်
ရန်ကုန်မြို့ ဗဟန်းမြို့နယ်
အလုပ်အားလပ်ရက်မှာ မိသားစု လိုက် မန္တလေးမြို့ကို အလည်လာတာ ပါ။ အဓိကကတော့ ကျွန်တော့်အမေ ကို လိုက်ပို့တာပါ။ အမေက မဟာမုနိဘုရားကြီးမှာ ရွှေသင်္ကန်း ကပ်လှူချင်လို့၊လိုက်ပို့ပြီးခဲ့ပါပြီ။ အစ်မ တွေလည်းပါတယ်။ ဆွေမျိုးတွေလည်း ပါတယ်။ စုစုပေါင်း ကိုးယောက်ပါ။ မိသားစုလိုက် ဦးပိန်တံတားကို လာရောက်လည်ပတ်ရတာ လွတ်လွတ် လပ်လပ် စိတ်အပန်းဖြေရတဲ့အတွက် အလုပ်မှာ ပင်ပန်းခဲ့သမျှ အကုန်ပျောက် သွားပါတယ်။ ဒါပြီးရင် စစ်ကိုင်း ဆွမ်းဦးပုညရှင်၊ ကောင်းမှုတော်ဘက် ဆက်လည်ဦးမှာပါ။ မန္တလေးတောင် နဲ့ ကုသိုလ်တော်ဘုရားတွေလည်း ရောက်ခဲ့ပါပြီ။ အားလပ်ရက်မှာ မိသားစုလိုက် လည်ရတာ အလွန် ပျော်စရာကောင်းပါတယ်။
ဦးဆန်းမြင့် (မကွေးတိုင်းဒေသကြီး ပေပင်ဆန်းကျေးရွာ)
ဦးတို့လင်မယား နှစ်ယောက်စလုံး အသက်(၅ဝ)ကျော်ပါပြီ။ ဦးပိန်တံတား ကို ဒါပထမဦးဆုံး ရောက်ဖူးတာပါ။ သမီးကြီးတစ်ယောက်က မန္တလေးမှာ ဘွဲ့လာယူရင်း လာရောက်လည်ပတ် တာပါ။ သားငယ်လေးလည်း ကျောင်း ပိတ်ရက်မှာ အလည်အပတ်ရောက်စေ ချင်လို့ ခေါ်လာပါတယ်။ မိသားစု ၁၂ ယောက်ပါတယ်။ ခုလို ကမ္ဘာကျော် ဦးပိန်တံတားကြီးပေါ် လမ်းလျှောက် ရတာ အလွန်ကြည်နူးပါတယ်။ ဦးတို့ လင်မယားတောင် အသက် ပြန်ငယ် သွားသလို ခံစားရပါတယ်။
အမေရိကန်နိုင်ငံ Arizona မှ ပြည်ပ ခရီးသွားအဖွဲ့
အစက ဒီတံတားကြီးကို စာအုပ် ထဲမှာ ဖတ်ဖူးတာပါ။ မြန်မာနိုင်ငံက မန္တလေးမြို့မှာ နှစ်ပေါင်း ၁၆ဝ ကျော် အရှည်ဆုံးသစ်သားတစ်စင်းကို စာအုပ် ထဲမှာ ဖတ်ပြီးကတည်းက လာရောက် လေ့လာချင်ခဲ့တာပါ။ ကျွန်တော်တို့ အဖွဲ့ ခြောက်ဦးပါ။ မြန်မာနိုင်ငံက နှစ်ပေါင်း ၁၆ဝ ကျော် သက်တမ်းရှိ အရှည်ဆုံးသစ်သားတံတား တစ်စင်း ကို လွတ်လွတ်လပ်လပ် လာရောက် လေ့လာရတာ ဂုဏ်ယူပါတယ်။ အလွန် လည်း လှပပါတယ်။ မန္တလေးမြို့မှာရှိ တဲ့ အထင်ကရနေရာတွေ၊ ရှေးဟောင်း စေတီပုထိုးတွေနဲ့ ယဉ်ကျေးမှုတွေကို လည်း သွားရောက်လေ့လာဦးမှာပါ။ ဧရာဝတီမြစ်ရဲ့ သဘာဝအလှကိုလည်း သွားရောက်ခံစား လေ့လာလည်ပတ် ဦးမှာပါ။
ဦးသန်းမြင့်
တောင်မင်းကြီးဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ
ဦးပိန်တံတားဟာ မြန်မာတွေရဲ့ နှလုံးသားပါ။ ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်ပါတယ်။ လာရောက်လည်ပတ် သူတွေ နေ့စဉ်စည်ကားပါတယ်။ ခုလို အားလပ်ရက်တွေ၊ ရုံးပိတ်ရက်တွေက တော့ အထူးစည်ကားပါတယ်။ တစ်နှစ် ထက်တစ်နှစ်လည်း ပိုများလာပါ တယ်။ ခုလို စည်ကားလာတော့ ဒေသခံ တွေလည်း အလုပ်ဖြစ်ပါတယ်။ ဒေသ ထွက် အထည်အလိပ်တွေ၊ အစား အသောက်တွေ၊ လက်ဆောင်ပစ္စည်းတွေ ဈေးကွက်ဖြစ်လာတော့ အဆင်ပြေကြ ပါတယ်။
သန်းဇော်မင်း(ပြန်/ဆက်)

No comments:

Post a Comment