Friday, March 2, 2018

ပြည်သူ့ကျန်းမာရေး အရေးပေါ်ကိစ္စရပ်များ ကာကွယ်စောင့်ကြည့်တုံ့ပြန်ရေး အလုပ်ရုံဆွေးနွေး

Image may contain: 1 person, sitting, table and indoor
နေပြည်တော် မတ် ၁

ပြည်သူ့ကျန်းမာရေး အရေးပေါ်ကိစ္စ ရပ်များ ကာကွယ်စောင့်ကြည့်တုံ့ပြန် ရေး အမျိုးသားအဆင့် လုပ်ငန်း စီမံချက်အတွက် ကုန်ကျစရိတ် တွက်ချက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ (Workshop on Costing of National Action Plan on Health Security) ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ မင်္ဂလာသီရိ ဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားတွင် ၂ဝ၁၂ ခုနှစ် ကမ္ဘာ့ကျန်းမာရေးညီလာခံက ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ဝင်နိုင်ငံများအနေ ဖြင့် အပြည်ပြည်ဆိုင်ရာ ကျန်းမာရေး ပြဋ္ဌာန်းချက် ၂ဝဝ၅ နှင့်အညီ နိုင်ငံ အလိုက် ပြည်သူ့ကျန်းမာရေးလုပ်ငန်း ဆောင်ရွက်မှုများ ပိုမိုဖွံ့ဖြိုးတိုးတက် စေရေး ကြိုတင်ပြင်ဆင်ကြရန်နှင့် နိုင်ငံအလိုက် စီမံချက်များ ရေးဆွဲ အကောင်အထည်ဖော်ရန် တိုက်တွန်း ခဲ့ကြောင်း၊ သဘာဝဘေး သို့မဟုတ် လူနှင့်တိရစ္ဆာန်များတွင် ဖြစ်ပွားတတ် သော ကူးစက်ရောဂါများအား ကာကွယ်ထိန်းချုပ် တုံ့ပြန်နိုင်ရေး အတွက် ကမ္ဘာတစ်ဝန်း ကျန်းမာရေး ဆိုင်ရာ လုံခြုံစိတ်ချမှုအစီအစဉ် Global Health Security Agendaကို ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကူးစက်ရောဂါ ကာကွယ်စောင့်ကြည့် တုံ့ပြန်ရေး ဆိုင်ရာ လုပ်ငန်းများကို ပြန်လည် ဆန်းစစ်လေ့လာခြင်းလုပ်ငန်းကို ၂ဝ၁၇ ခုနှစ်တွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး အရှေ့တောင် အာရှနိုင်ငံများအနက် မြန်မာနိုင်ငံ သည် ယင်းလုပ်ငန်းကို တတိယ မြောက် ဆောင်ရွက်နိုင်ခဲ့သော နိုင်ငံဖြစ်ကာ ပြည်သူ့ကျန်းမာရေး အရေးပေါ်ကိစ္စရပ်များ ကာကွယ် စောင့်ကြည့်တုံ့ပြန်ရေး အမျိုးသား အဆင့်လုပ်ငန်းစီမံချက်ကို ပထမဆုံး ရေးဆွဲနိုင်ခဲ့သော နိုင်ငံဖြစ်ကြောင်း၊ ယခုစီမံချက်ကို အကောင်အထည် ဖော်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် နှီးနွှယ် ဝန်ကြီးဌာနများ၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အပါအဝင် မိတ်ဖက်အဖွဲ့အစည်း များအားလုံး လက်တွဲဆောင်ရွက်ရ မည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ တာဝန်ရှိသူများ၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်နှင့် တာဝန်ရှိသူ များက စီမံချက်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ တက်ရောက်လာ သူများက ဝိုင်းဝန်းဆွေးနွေးကြ သည်။

အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် နှီးနွှယ် ဝန်ကြီးဌာနများမှ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများ၊ ကုလ သမဂ္ဂလက်အောက်ခံ အဖွဲ့အစည်း များနှင့် မိတ်ဖက်နိုင်ငံတကာအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၈ ရက်အထိ သုံးရက်တာ ကျင်းပခဲ့ကြောင်း သိရ သည်။

နိုင်လင်းကြည်

No comments:

Post a Comment