Thursday, March 1, 2018

အောင်ဓမ္မရာဇာစေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပ

Image may contain: 3 people, people standing and outdoor
နေပြည်တော် ဖေဖော်ဝါရီ ၂၈
နေပြည်တော် ဒက္ခိဏခရိုင် လယ်ဝေး မြို့နယ် အေလာမြို့ရှိ နယ်မြေခံ တပ်ရင်းအတွင်း တည်ထားကိုးကွယ် သည့် ရွှေစည်းခုံပုံတူ အောင်ဓမ္မရာဇာ စေတီတော်မြတ်ကြီး ရွှေထီးတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေ ကဇာတင် အလှူတော်မင်္ဂလာ အခမ်း အနားကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပ ရာ အေလာမြို့ဓမ္မရက္ခိတ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိမလ အမှူးပြုသော သံဃာတော်အရှင် သူမြတ်များ ကြွရောက်တော် မူကြသည်။
ရှေးဦးစွာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ နှင့် အခမ်းအနား တက်ရောက်လာကြ သူများက နိုင်ငံတော်ဗဟို သံဃာ့ ဝန်ဆောင် ပုဗ္ဗသီရိမြို့နယ် အောင်စည်သာ ကျောင်းတိုက် ဆရာတော် မဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တဝိစက္ခဏထံမှ ကိုးပါးသီလ ခံယူ ဆောက်တည်ကြပြီး မေတ္တသုတ်ပရိတ် တရားတော်များ နာယူကြသည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ ပြည်ထောင်စု ဝန်ကြီးများနှင့်ဇနီးများ၊ တပ်မတော် အရာရှိကြီးများက ရတနာစိန်ဖူး တော်၊ငှက်မြတ်နားတော်၊ရွှေထီး တော်ဘုံအဆင့်ဆင့်နှင့် လှူဖွယ်ပစ္စည်း များအား ဆရာတော် သံဃာတော်များ ထံ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရွှေထီးတော် ဘုံအဆင့်ဆင့်အား မင်္ဂလာရထားပျံဖြင့် စေတီတော်အထွတ် သို့ပင့်ဆောင် တင်လှူပူဇော်ကြပြီး သံဃာတော်များက စေတီတော်ကြီး အား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓဘိသိက် သွန်းတော်မူကြသည်။
အခမ်းအနား အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်ဇနီး၊ အခမ်းအနား တက်ရောက် လာကြသူများသည် သံဃာတော်များ အား နေ့ဆွမ်းဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment