Thursday, March 29, 2018

သီရိမင်္ဂလာ မဟာသာသနာ့ဗိမာန်တော်ကြီး၌ ပါဠိပထမပြန်စာမေးပွဲ ဖြေဆို

Image may contain: 3 people, people sitting
ရန်ကုန် မတ် ၂၈
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် ၂ဝ၁၈ ခုနှစ် ပါဠိပထမပြန် စာမေးပွဲကို မတ် ၂၈ ရက် မွန်းတည့် ၁၂ နာရီမှစတင်၍ဖြေဆိုတော်မူကြရာ အင်းစိန်စာဖြေဌာနဖြစ်သည့် သီရိမင်္ဂလာ မဟာသာသနာ့ဗိမာန်တော်ကြီး အပေါ်ထပ်၊ အောက်ထပ်များ၌ ပထမကြီး၊ ပထမလတ်တန်းအတွက် ဒွေမာတိကာ ဘာသာ၊ ပထမငယ်တန်းအတွက် ဘိက္ခုပါတိမောက်နှင့် အခြေပြုမူလတန်းအတွက် ဝိနည်းဘာသာရပ်တို့တွင် သံဃာ ၈၇၆ ပါး၊ လူပုဂ္ဂိုလ်အမျိုးသားတစ်ဦး၊ သီလရှင်ဆရာလေး ၇၉ ပါး၊ လူပုဂ္ဂိုလ်အမျိုးသမီးသုံးဦး စုစုပေါင်း ၉၅၉ ပါး စာရင်းရှိထဲမှ သံဃာ ၇၃၃ ပါး၊ လူပုဂ္ဂိုလ်အမျိုးသားတစ်ဦး၊ သီလရှင်ဆရာလေး ၆၃ ပါး၊ လူပုဂ္ဂိုလ်အမျိုးသမီးနှစ်ဦး စုစုပေါင်း ၇၉၉ ပါး ဖြေဆိုခဲ့ကြပြီး (၈၃ ဒသမ ၃၁) ရာခိုင်နှုန်းဖြစ်ကြောင်း အဆိုပါစာဖြေဌာနမှ သိရသည်။
ပါဠိပထမပြန်စာမေးပွဲဖြေဆိုရာသို့ မြို့နယ်သံဃနာယက ဆရာတော်ကြီးများ၊ သြဝါဒါစရိယ ဆရာတော်များ၊ စာမေးပွဲကြီးကြပ်ဥက္ကဋ္ဌဆရာတော်၊ အဖွဲ့ဝင်ဆရာတော်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်/မြို့နယ်သာသနာရေးမှူး များက ကြီးကြပ်ဆောင်ရွက်တော်မူကြပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်ထွေ/အုပ် ဝန်ထမ်း များ၊ ပညာရေးဝန်ထမ်းများက ပထမပြန်စာမေးပွဲကိစ္စများ ဖြေဆိုပြီးသည်အချိန်ထိ လုပ်ကိုင်ဆောင်ရွက်ကြပြီး စာဖြေ သံဃာတော်များ၊ သီလရှင်ဆရာလေးများအား အအေးဘူးများ ဆက်ကပ်ခဲ့ကြကြောင်း သိရသည်။
ဥာဏ်ဟိန်း

No comments:

Post a Comment