Thursday, March 29, 2018

ရိုးမြောင်းရေထွက်ပြွန်ပေါက် အသစ်ချဲ့ပေးသဖြင့် စပါးစိုက်ခင်းများ ရေနစ်မြုပ်ခြင်းမှ ကင်းဝေးသွားပြီဖြစ်

Image may contain: sky, outdoor and nature
ကျောက်ဆည် မတ် ၂၈
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည် မြို့နယ်အတွင်းရှိ တောင်သူများသည် အနော်ရထာမင်းကြီး လက်ထက်မှ စပြီး ဆန်စပါးကို ဆည်ရေသောက် စနစ်ဖြင့် စနစ်တကျ အဓိကစိုက်ပျိုး သီးနှံအဖြစ် စိုက်ပျိုးခဲ့ကြရာ ယနေ့ အချိန်အခါအထိဖြစ်သည်။ ထို့ကြောင့် စိုက်ပျိုးရေးအတွက် အဓိကထားသုံးစွဲ လျက်ရှိသော မြောင်းများကို ခေတ် အဆက်ဆက် နိုင်ငံတော်အစိုးရက မြောင်းများ ကောင်းမွန်ရေးဆောင် ရွက်ပေးခဲ့သော်လည်း အချို့နေရာများ တွင် အကြောင်းအမျိုးမျိုးကြောင့် ရေထွက်မကောင်းသည့် ရိုးများရှိနေ သေးပြီး ရိုးများဘေးရှိ စပါးစိုက်ခင်း များသည် မိုးရာသီတွင် ရေကြီးနစ်မြုပ် မှုများနှင့် ကြုံတွေ့ရလျက်ရှိရာ မင်းရဲမြောင်းဆိုင်ရာ သင်တောင်း လက်တံမြောင်း၊ ဘိုးဘေးရိုးနှင့် ရွှေလေးရိုးဘေးရှိ စပါးစိုက်တောင် သူများလည်း အပါအဝင် ဖြစ်နေ ကြောင်း သိရှိရသည်။
ထို့ကြောင့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာ နှစ်တွင် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် ၄၃ သန်းဖြင့် ရိုးဘေးရှိ စပါးစိုက်ခင်း များ ရေနစ်မြုပ်မှု ကင်းဝေးစေရေး အတွက် သင်တောင်းလက်တံ မြောင်း၊ ဘိုးဘေးရိုးနှင့်ရွှေလေးရိုးတို့ တွေ့ဆုံဖြတ်သန်းသည့် ရေထွက်ပြွန် ပေါက်အား အသစ်ပြုလုပ်တိုးချဲ့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရ သည်။ ယခင်က အဆိုပါရေထွက်ပြွန် သည် အကျယ်ငါးပေနှင့် အမြင့် ၁ ဒသမ ၅ ပေရှိ ရေထွက်ပေါက် နှစ်ပေါက်သာရှိပြီး ယခုအခါ အကျယ်ငါးပေနှင့် အမြင့်သုံးပေရှိ ရေထွက်ပေါက် သုံးပေါက်အသစ် ပြုလုပ်ပေးခြင်းဖြင့် ရေထွက်ကောင်း မွန်ပြီး နှစ်စဉ်ရေကြီးနစ်မြုပ်မှုခံ နေရသည့် စပါးစိုက်ဧက ၃ဝဝ ခန့် မှာ ရေကြီးနစ်မြုပ်မှ ကင်းဝေးသွား တော့မည်ဖြစ်ကြောင်း၊ ယခုဆောင် ရွက်ခဲ့သည့်လုပ်ငန်းသုံး တိုင်းဒေသ ကြီး ခွင့်ပြုငွေများသည် ပြည်သူ့ဘဏ္ဍာ ငွေများဖြစ်သဖြင့် ပြည်သူများက ဝိုင်းဝန်း စောင့်ရှောက်ခြင်းဖြင့် ပြင်ဆင်စရိတ်များ နည်းပါးကာ ပြည်သူ့ဘဏ္ဍာငွေဆုံးရှုံးမှုများလည်း လျော့နည်းသွားမည်ဖြစ်ကြောင်း သိရ သည်။
သက်မောင်(ကျောက်ဆည်)

No comments:

Post a Comment