Thursday, March 29, 2018

ဘရာဇီးလက်ရွေးစင် ကစားသမားဟောင်း အက်ဒ်မီဆင် မြန်မာကလေးငယ်များအား သင်ကြားပေး

Image may contain: 15 people, people smiling, people playing sports and outdoor
ရန်ကုန် မတ် ၂၈
၂ဝဝ၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ချန်ပီယံ ဘရာဇီး လက်ရွေးစင်ကစားသမားဟောင်း အက်ဒ်မီဆင် သည် ယနေ့နံနက်ပိုင်းတွင် သုဝဏ္ဏမြက်ခင်းတု၌ မြန်မာကလေးငယ်များအား ဘောလုံးအခြေခံ နည်းစနစ်များ သင်ကြားပေးခဲ့သည်။ အက်ဒ်မီဆင် သည် ဘောလုံးသင်တန်း ပထမနေ့တွင် ကလေးငယ် ၈ဝ အား သင်ကြားပေးခဲ့ခြင်းဖြစ်သည်။
အက်ဒ်မီဆင်သည် လူငယ်ဘောလုံးသမား ၁၆ဝ အား လေ့ကျင့်သင်ကြားပေးနေပြီး ယနေ့တွင် ကစားသမား ၈ဝ အား သင်ကြားပေးခဲ့သည်။ တက်ရောက်သင်ကြားသည့် ကလေးငယ်အရေ အတွက် များပြားသောကြောင့် နှစ်ရက်ခွဲ၍ သင်ကြားပေးနေပြီး ယနေ့နံနက်ပိုင်းတွင် နှစ်ချိန် ခွဲ၍ သင်ကြားပေးခဲ့ကြောင်း သိရသည်။
အက်ဒ်မီဆင်သည် ယနေ့နံနက်ပိုင်းတွင် အမျိုးသမီးကစားသမားများအား သင်ကြားပေးခဲ့ပြီး ဘောလုံးအခြေခံနည်းစနစ်များ သင်ကြားပေးကာ နှစ်သင်းခွဲ၍ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားစေခဲ့သည်။ အက်ဒ်မီဆင်သည် မတ် ၂၉ ရက် နံနက်ပိုင်းတွင် လည်း လူငယ်ကစားသမားများအား ဆက်လက် သင်ကြားပေးမည်ဖြစ်ပြီး ညနေပိုင်းတွင် ¤င်း ကိုင်တွယ်မည့် လူငယ်အသင်းနှင့် MFF U-13 လူငယ်အသင်းတို့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ အက်ဒ်မီဆင်သည် ၂ဝဝဝ ပြည့်နှစ်မှ ၂ဝဝ၇ ခုနှစ်အထိ ဘရာဇီးလက်ရွေးစင်အသင်း တွင် ပါဝင်ကစားခဲ့ပြီး ၂ဝဝ၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ချန်ပီယံဆုရယူရာတွင် ပါဝင်ခဲ့သည်။
ထို့ပြင် နာမည်ကြီးကလပ် အသင်းများဖြစ် သည့် ဘာစီလိုနာ၊ လိုင်ယွန်၊ ဆာပေါ်လို၊ ဗီလာ ရီးယဲလ် စသည့် ကလပ်အသင်းများတွင် ပါဝင် ကစားခဲ့ဖူးကြောင်း သိရသည်။ အက်ဒ်မီဆင်သည် ယခုနှစ်လယ်ပိုင်းတွင် မြန်မာနိုင်ငံသို့ ထပ်မံ လာရောက်ကာ လူငယ်ဘောလုံးသင်တန်းများ ဖွင့်လှစ်သင်ကြားပေးရန် စီစဉ်ထားကြောင်း သိရ သည်။
သတင်း-ရှိုင်းထက်ဇော်၊ ဓာတ်ပုံ-စိုးညွန့်

No comments:

Post a Comment