Thursday, March 29, 2018

တရုတ်သမ္မတနှင့် မြောက်ကိုရီးယားခေါင်းဆောင်တို့မြို့တော်ပေကျင်း၌ တွေ့ဆုံ

Image may contain: 2 people, people standing
ပေကျင်း မတ် ၂၈
တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် တို့သည် မြို့တော်ပေကျင်း၌ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနကို ကိုးကားလျက် ကျိုဒိုသတင်းဌာနက မတ် ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။
မြောက်ကိုရီးယားခေါင်းဆောင်ကင်သည် တရုတ်နိုင်ငံ၌ မတ် ၂၅ ရက်မှ ၂၈ ရက်အထိ နေထိုင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြ သည်။
ကင်သည် ၂ဝ၁၂ ခုနှစ် ဧပြီလတွင် မြောက်ကိုရီးယား၏ ထိပ်တန်း ခေါင်းဆောင်ဖြစ်လာချိန်နောက်ပိုင်း ပြည်ပသို့ ခရီးသွားလာခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။
ကိုရီးယားကျွန်းဆွယ်၌ ယခုနှစ်အတွင်း အပြုသဘောဆောင် သည့် အပြောင်းအလဲများဖြစ်ပေါ်ခဲ့ကြောင်း၊ မြောက်ကိုရီးယားနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်ချက်များကို တရုတ်နိုင်ငံက ချီးကျူးကြောင်း သမ္မတရှီက ပြောကြားသည်ဟု သတင်းတွင် ဖော်ပြထားသည်။
ကျိုဒို။

No comments:

Post a Comment