Thursday, March 29, 2018

တရုတ်ပြည်တွင်း၌ ပထမဆုံး တည်ဆောက်သည့် လေယာဉ်တင်သင်္ဘော စမ်းသပ်ခုတ်မောင်းရန် အသင့်ဖြစ်ပြီ

Image may contain: ocean, sky, outdoor, water and nature
ပေကျင်း မတ် ၂၈
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ပီအယ်လ်အေ) ရေတပ်ဖွဲ့တွင် လက်ရှိအသုံးပြု နေသည့် လေယာဉ်တင်သင်္ဘော လျောင်နင်း၏နောက်တွင် ဒုတိယမြောက်လေယာဉ်တင် သင်္ဘောဖြစ်လာမည့် ပုံစံ-ဝဝ၁ အေဟု အမည်ဝှက်ပေးထားသည့် လေယာဉ်တင်သင်္ဘောကို ပြည်တွင်း၌ တည်ဆောက်ခဲ့ရာ တည်ဆောက်မှုပြီးစီးသွားပြီဖြစ်ကြောင်း၊ ယင်းလေယာဉ်တင် သင်္ဘောတည်ဆောက်မှု အချိန်ကာလ လျင်မြန်ခြင်းသည် ထူးခြားချက်တစ်ရပ်ဖြစ်ပြီး သင်္ဘော တည်ဆောက်မှု အရည်အသွေးမှာလည်း သင်္ဘောအရည်အသွေး ကမ္ဘာ့အဆင့်မီဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မည်သည့်ရန်စကျူးကျော်မှုမျိုးကိုမဆို တွန်းလှန်နိုင်ရေးအတွက် တရုတ်နိုင်ငံက ရေတပ် ဖွဲ့အား ခေတ်မီတိုးတက်စေရန် သန္နိဋ္ဌာန်ချထားပြီး နိုင်ငံတွင်း၌ ပထမဆုံး တည်ဆောက်သော လေယာဉ်တင်သင်္ဘောကို ပုံစံ-ဝဝ၁ အေ အမည်ဝှက်ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
တည်ဆောက်ပြီးစီးသွားသော လေယာဉ်တင်သင်္ဘောကြီးသည် ပင်လယ်ပြင်အတွင်း စမ်းသပ်ခုတ်မောင်းမှုများ ပြုလုပ်ရန် အဆင်သင့်ရှိနေပြီး ယခုနှစ်ကုန်ပိုင်းတွင် တရုတ်ရေတပ်ဖွဲ့ တွင် တာဝန်ထမ်းဆောင်နိုင်မည်ဖြစ်သည်။
တရုတ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်း၌ တည်ဆောက်မည့် လေယာဉ်တင်သင်္ဘောကို တာ့လျန် သင်္ဘောတည်ဆောက်ရေးကုမ္ပဏီ (ဒီအက်စ်အိုင်စီ)တွင် တည်ဆောက်ခဲ့ပြီး မကြာ သေးမီက ပင်လယ်ပြင်အတွင်း စမ်းသပ်ခုတ်မောင်းရန် ပြင်ဆင်လျက်ရှိသည်။ အဆိုပါ လေယာဉ်တင်သင်္ဘောသစ်သည် လာမည့်ခြောက်လမှ ၁၂ လအတွင်း မည်သည့်ပင်လယ်ပြင် တွင်မဆို စမ်းသပ်ခုတ်မောင်းမည်ဖြစ်သည်။
အဆိုပါလေယာဉ်တင်သင်္ဘောကို ၂ဝ၁၇ ခုနှစ် ဧပြီ ၂၆ ရက်တွင် ရေချခဲ့ပြီး ယခုနှစ် ဧပြီ ၂၃ ရက်တွင် ပင်လယ်ပြင်၌ စမ်းသပ်ခုတ်မောင်းမည်ဖြစ်သည်။ ဧပြီ ၂၃ ရက်သည် တရုတ်ရေတပ်ဖွဲ့နေ့ဖြစ်သည်။
ပီတီအိုင်။

No comments:

Post a Comment