Sunday, March 4, 2018

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အဏ္ဏဝါရှင်မော်စေတီတော်အတွက် အလှူငွေများလှူဒါန်း

Image may contain: one or more people and outdoor
နေပြည်တော် မတ် ၃
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် ယနေ့ နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး လောင်းလုံး မြို့နယ်ရှိ ရှင်ကိုးရှင်သမိုင်းဝင် မြတ်ရှင်မော်ဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညိုသည်။
ယင်းနောက် အံတော်မြတ်စေတီရှိ ဘုရားရှင်၏အံတော်အား ဖူးမြော်ကြည်ညိုကြပြီး သက်တော်(၉၂)နှစ်ရှိ ကျောက်နီမော်ကျောင်းတိုက်ဆရာတော် အရှင်နေမိန္ဒ အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ၂ဝ၁၇ ခုနှစ် ဇွန် ၇ ရက်က တပ်မတော် သယ်ယူပို့ဆောင်ရေးလေယာဉ်Y-8 ပျက်ကျစဉ် ပါရှိသွား သော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ရည်စူး တည်ဆောက်လျက်ရှိသည့် အဏ္ဏဝါရှင်မော်စေတီတော် တည်တော်မူသည့်အခြေအနေများကို ကြည့်ရှုပြီး စေတီ တော်ကြီး တည်ထားတော်မူရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စမ်းလှမ်းကျေးရွာရှိ သီရိအဏ္ဏဝါ ကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးသုမနအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စမ်းလှမ်းကျေးရွာမှ ဒေသခံပြည်သူများအတွက် စားသောက် ဖွယ်ရာများပေးအပ်ပြီး ကျေးရွာအတွင်း လှည့်လည် ကြည့်ရှုကာ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ပေးရန်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့သည် ထားဝယ်မြို့ရှိ တပ်မတော်ဆေးရုံတွင် တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစု များအား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြား သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြိတ်အများပိုင် ကော်ပိုရေးရှင်းလီမိတက်နှင့် မြိတ်ရေလုပ်ငန်းရှင်များကအကောင်အထည်ဖော် ဆောင်ရွက်မည့် မြိတ်ခေတ်မီ ငါးလေလံဈေးတည်ဆောက်ရန်အတွက် အဆိုပြုတင်ပြ လာသည့် နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး မြိတ် ခေတ်မီငါးလေလံဈေးစီမံကိန်း အကောင်အထည်ဖော် တည်ဆောက်မည့်နေရာကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment