Saturday, March 3, 2018

ပဲခူးမြို့ သမိုင်းဝင်ရွှေသာလျောင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ လာရောက်ဖူးမြော် ကုသိုလ်ပြုသူများပြား

Image may contain: 5 people, people standing
ပဲခူး မတ် ၂
ရုံးပိတ်ရက်ဆက်တိုက် လေးရက်အနက် ဒုတိယ ရက်ဖြစ်သော မတ် ၂ ရက် (တောင်သူလယ်သမား နေ့)တွင်လည်း ပဲခူးမြို့ရှိ သမိုင်းဝင်ရွှေသာလျောင်း ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ အနယ်နယ်အရပ်မှ
လာရောက် ဖူးမြော်ကြည်ညိုကုသိုလ်ပြုသူ
များပြားလျက်ရှိသည်။
ဆေးတက္ကသိုလ်(၁)ခန္ဓာဗေဒဌာန ကထိက ဒေါက်တာထင်လင်းက ''ဗုဒ္ဓဘာသာတွေအနေနဲ့ ကတော့ ဒီလိုမျိုးအားလပ်ရက်ရတယ် ဆိုရင်တော့ မိသားစုအလိုက်၊ အဖွဲ့အစည်းအလိုက်ဘုရားဖူး ထွက်ကြတယ်၊ ဝမ်းသာကြည်နူးမှုလည်းဖြစ်ရတယ်၊ ဝန်ထမ်းတွေဖြစ်နေတော့ ပဲခူးမြို့ကိုလည်း တော်ရုံ မရောက်ဖြစ်ဘူး၊ အားတဲ့နေ့ ဒီလိုပိတ်ရက်လေးမှာ မိသားစုနဲ့အတူ ဘုရားဖူးထွက်လာတာပါ။ ဘုရား တွေမှာ စည်ကားသပ်ရပ်နေတာ တွေ့ရတော့ ဝမ်းသာ ပိတိဖြစ်ရပါတယ်။ ကမ္ဘောဇသာဒီနန်းတော် လို လေ့လာစရာ နေရာမျိုးတွေ ရှိသည့်အတွက် ပြည်တွင်း/ပြည်ပဧည့်သည်တွေအနေဖြင့် ပဲခူးမြို့ကို
လာရောက်စေချင်ပါတယ်'' ဟု ပြောကြားသည်။
ပဲခူးမြို့မှ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စက်ရုံ အလုပ်ရုံလုပ်သားများ၊ ပြည်သူများသည် ပိတ်ရက်
ရှည်တွင် အခြားမြို့များ၊ ဒေသများရှိသမိုင်းဝင် ဘုရားများအား သွားရောက်ဖူးမြော်ကြသလို အခြား တိုင်းဒေသကြီးနှင့်ပြည်နယ်မြို့များရှိပြည်သူများကလည်း ပဲခူးမြို့သို့ လာရောက်ကာ သမိုင်းဝင်စေတီ ပုထိုးများအား လေ့လာခြင်း၊ ဘုရင့်နောင်မင်း တရားကြီးက မ္ဘောဇသာဒီနန်းတော်ကိုလေ့လာခြင်း၊ မဇင်းဆည်နှင့် ဝင်္ဂဘော်ဆင်စခန်းများသို့ လာရောက်
လေ့လာအပန်းဖြေခြင်းများ ပြုလုပ်ကြသည်။
ရန်ကုန်မြို့နေ ဒေါ်ခင်ခင်အေးက ''ကျွန်မ
သမီးလေးတွေ ရုံးလေးရက်တောင် ပိတ်တာ
ဆိုတော့ မိသားစုအလိုက် ဘုရားလာဖူးတာပါ၊ တစ်နှစ် တစ်ခါလာဖြစ်ပါတယ်။ ဒီမှာကတော့ ရန်ကုန်နဲ့ မတူဘူး၊ ရွှေသာလျောင်းဘုရားရောက်ရင် သနပ်ခါး တုံးတွေဝယ်တယ်၊ ကောက်ညှင်းထုပ်တို့ မြေပဲယို တို့က စားကောင်းတဲ့အတွက် ရောက်တိုင်းဝယ် ဖြစ်တယ်။ ပြီးတော့ပဲခူးအပြန်လက်ဆောင် အနေနဲ့ ပဲခူးဒေသထွက် ငါးချဉ်လည်းဝယ်ကြတယ်၊ အန်တီ
တို့က အိမ်ကနေပြီး ထမင်းတစ်ခါတည်း ချက်ထည့်
လာတယ်၊ သစ်ပင်အရိပ်ကောင်းကောင်း တစ်နေရာ မှာ ပျော်ပျော်ပါးပါးဝိုင်းဖွဲ့စားကြမယ်၊ ပြီးရင် ပဲခူးမြို့
မှာရှိတဲ့ ဘုရားတွေအကုန်လုံးကို လိုက်ဖူးမယ်၊
ဒါကြောင့်အနယ်နယ်အရပ်ရပ်က မရောက်ဘူး သေးတဲ့သူတွေ ပဲခူးမြို့လာရောက်ခဲ့ကြဖို့ ဖိတ်ခေါ်
ပါတယ်'' ဟု ပြောသည်။
တင်စိုး(ပဲခူး)

No comments:

Post a Comment