Thursday, February 1, 2018

ကင်မရာငါးလုံးပါဝင်လာနိုင်ဖွယ်ရှိသည်ဟူသော Nokia10 စမတ်ဖုန်းသစ်၏ သတင်းအချက်အလက်အချို့ ပေါက်ကြား ထွက်ပေါ်

Image may contain: phone
ပြိုင်ဆိုင်မှုပြင်းထန်လာသော နိုင်ငံတကာစမတ်ဖုန်းနည်းပညာလောကတွင် ၂ဝ၁၇ အကုန်နှင့် ၂ဝ၁၈ ခုနှစ် နှစ်ဦးကာလအတွင်း ဖုန်းမျက်နှာပြင်နှင့် ကင်မရာစနစ်ပိုင်းများ သိသာစွာပြိုင်ဆိုင်လာကြသည့် ကာလတစ်ခုအဖြစ် လေ့လာသူများကသတ်မှတ်ထားကြ သည်။ အချိန်အတော်အတန်ကြာ နောက်ချန်နေရစ်သော Nokia အမှတ်တံဆိပ်သည် စမတ်ဖုန်းလောကသို့ တစ်ဖန်ပြန်လည်ဝင်ရောက်လာပြီး နည်းပညာမြင့် စမတ် ဖုန်းအမှတ်တံဆိပ်များကို အဘက်ဘက်မှ ရင်ဆိုင်လာနေသည်ကိုလည်း တွေ့မြင် နေရသည်ဟု ကျွမ်းကျင်သူများက မှတ်ချက်ပြုနေသည့်အချိန်တွင် အခြား စမတ်ဖုန်းများထက် ကင်မရာပိုင်းတွင် ပိုမိုသာလွန်နိုင်ဖွယ်ရှိသည့် ကျောဘက်ကင်မရာ ငါးလုံးအထိ ပါဝင်လာနိုင်ဖွယ်ရှိသော Nokia 10 အမျိုးအစားစမတ်ဖုန်းအသစ်တစ်မျိုး မိတ်ဆက်လာဖွယ်ရှိသည်ဟူသော သတင်းအချက်အလက်အချို့မှာ စမတ်ဖုန်းလောကတွင် သတင်းများ ပေါက်ကြားထွက်ပေါ်လာသည်။
ဂျာမနီနိုင်ငံရှိ မူပိုင်ထုတ်လုပ်ခွင့်ဆိုင်ရာရုံးမှတစ်ဆင့်၎င်းစမတ်ဖုန်း၏ ဒီဇိုင်းပုံကြမ်းမှာ ပေါက်ကြားထွက်ပေါ်လာ
သည်ဟုသိရပြီး အဓိကကင်မရာတစ်လုံးကို အခြားကင်မရာလေးလုံးမှဝန်းရံထားသည့် ဒီဇိုင်းပုံကြမ်းဖြစ်ကာ အဆိုပါဒီဇိုင်း မှာ ယခင်က Nokia မှထုတ်လုပ်ခဲ့ဖူးသည့် Lumia 1020 ၏ ဒီဇိုင်းနှင့် ဆင်တူသည်ဟု သိရသည်။ Penta-Camera အမည်ရ ကျောဘက် ကင်မရာငါးလုံးပါဝင်လာနိုင်ဖွယ်ရှိပြီး တစ်လုံးစီတွင် မတူညီသည့်Lensများဖြင့် ထွက်ပေါ်လာဖွယ်ရှိကာ ၎င်းကင်မရာများအား စမတ်ဖုန်း Multi-Lensများထုတ်လုပ်ပေးသည့် ZEISS အမည်ရကုမ္ပဏီနှင့် Nokia တို့ ပူးပေါင်းလုပ်ဆောင်နေသည်ဟုသိရသည်။
၂ဝ၁၈ ခုနှစ် စက်တင်ဘာလအတွင်း ဂျာမနီနိုင်ငံတွင် အဆိုပါစမတ်ဖုန်းသစ်အား မိတ်ဆက်သွားနိုင်ဖွယ်ရှိကာ အဓိကကင်မရာကို ကျန်ကင်မရာလေးလုံး တွင်ပါဝင်သော Lens များမှအထောက်အပံ့ပေးသွားမည်ဖြစ်ပြီး ၎င်းကင်မရာများ၏ အောက်ဘက်တွင် လက်ဗွေစနစ်ထည့်သွင်းပေးထား၍ Snapdragon မှ နောက်ဆုံးထွက် 845 SoC နှင့် ယနေ့ကာလ စမတ်ဖုန်းများတွင် ခေတ်စားလျက်ရှိသော ဘေးပေါင်ပျောက်နီးပါးမျက်နှာပြင် ပါဝင်လာနိုင်ပြီး ၎င်းစမတ်ဖုန်းနှင့် အတူ Nokia ၏ အခြားစမတ်ဖုန်းအမျိုးအစားဖြစ်သည့်Nokia 7 Plus ၏ ဒီဇိုင်းပုံကြမ်းများလည်း သတင်းပေါက်ကြား ထွက်ပေါ်ခဲ့သည်ဟု သိရသည်။
ALEX

No comments:

Post a Comment