Thursday, February 1, 2018

KBZ Bank Women' League ပြိုင်ပွဲတွင် မြဝတီအသင်း ဂိုးပြတ်အနိုင်ရ

Image may contain: 2 people, people playing sports and outdoor
ရန်ကုန် ဇန်နဝါရီ ၃၁
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူး၍ KBZ Bank၏ အဓိက ပံ့ပိုးကူညီမှုဖြင့် ကျင်းပသည့် ၂ဝ၁၇-၂ဝ၁၈ ဘောလုံးရာသီ KBZ Bank Women' League ပြိုင်ပွဲ ပွဲစဉ် (၆) ပထမနေ့ကို ယနေ့ညနေပိုင်းက အောင်ဆန်းကွင်း၌ ဆက်လက်ကျင်းပရာ လက်ရှိချန်ပီယံ မြဝတီအသင်းက တက္ကသိုလ်အသင်းကို ၁၅ ဂိုး-ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။ လက်ရှိချန်ပီယံ မြဝတီအသင်းသည် သစ္စာအားမာန်အသင်းကို ဂိုးကွာခြားချက်တွင် အမီလိုက် ရန် ယခုပွဲတွင် ဂိုးများ ရသလောက်သွင်းယူခဲ့သည်။ မြဝတီအသင်းသည် ပွဲစကတည်းက ဂိုးရရန် တိုက်စစ်ဖွင့်ကစားခဲ့ပြီး တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက ၇၊ ၁၁၊ ၁၄၊ ၁၇၊ ၁၉၊ ၄၈၊ ၆၈၊ ၇၆၊ ၈၆ မိနစ်တွင် တစ်ဦးတည်း ကိုးဂိုး သွင်းယူခဲ့ကာ ကျန်အနိုင်ဂိုးများကို ၅၂၊ ၆ဝ၊ ၈၁၊ ၈၈ မိနစ်တွင် ရူပါခိုင်က လေးဂိုး၊ ၄ဝ၊ ၈၅ မိနစ်တွင် ခိုင်သဇင်က နှစ်ဂိုး သွင်းယူခဲ့သည်။ မြဝတီအသင်း ၏ ဂိုးပြတ်အနိုင်ရလဒ်ကြောင့် သစ္စာအားမာန်အသင်းသည် ဖေဖော်ဝါရီ ၁ ရက်တွင် ကျင်းပမည့်ပွဲ၌ ဂိုးပြတ်အနိုင်ရမှသာ ထိပ်ဆုံးနေရာကို ပြန်လည်ရယူ နိုင်မည်ဖြစ်သည်။
သတင်း-ရဲရင့်ရှိုင်း၊ ဓာတ်ပုံ-စိုးညွန့်

No comments:

Post a Comment