Thursday, February 1, 2018

မြန်မာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များအားပြည်သူပါဝင်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းထိန်းသိမ်းပေးစေလို

Image may contain: sky and outdoor
မန္တလေး ဇန်နဝါရီ ၃၁
မြန်မာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များအား နိုင်ငံတကာတွင် ကျင့်သုံးနေသည့် စနစ်အတိုင်း ပြည်သူပါဝင်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင် ထိန်းသိမ်းပေးစေလိုကြောင်း မြန်မာမှုဗိသုကာပညာရှင် တမ္ပဝတီ ဦးဝင်းမောင်က အကြံပြုပြောကြားသည်။
''ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနကနေ မြန်မာ တစ်နိုင်ငံလုံးမှာရှိတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းဖို့ ငွေကြေးအနေ နဲ့လည်း မလုံလောက်ဘူး၊ နည်းပညာလည်း မလုံလောက်ဘူး၊ လူအင်အား လည်း မလုံလောက်ဘူး၊ ဒါကြောင့် အစိုးရတစ်ခုတည်း ရုန်းနေတဲ့ဝန်ကို ပြည်သူက ဝင်ပြီး ကူညီတဲ့သဘောမျိုးဖြစ်မယ့် အဖွဲ့အစည်းတွေ ပေါ်ပေါက်အောင် ကြိုးစားသင့်ပါတယ်၊ ပေါ်ပေါက်လာရင်လည်း ပိုပြီးတော့ ထိန်းသိမ်းကြပါ၊ ဒီနည်းဟာ ယနေ့ခေတ် နိုင်ငံတကာမှာ အသုံးပြုနေတဲ့ နည်းဖြစ်တဲ့အတွက် ကိုယ်တိုင်ပါဝင်ပြီး တစ်နိုင်တစ်ပိုင် ထိန်းသိမ်းကြမယ်ဆိုရင် ယနေ့အချိန်ထိ မပြိုမပျက်ဘဲ ကျန်နေတဲ့ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းရာရောက်မယ်လို့ထင်ပါ တယ်''ဟု ၎င်းက ပြောသည်။
ထို့ပြင် ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများအား ပြုပြင်မွမ်းမံ ရန်တစ်ခုတည်းသာမဟုတ်ဘဲ ယင်းအဆောက်အအုံများ၏ မှတ်တမ်းကို ရယူ ထိန်းသိမ်းရန်၊ ပြုပြင်မွမ်းမံရန်နှင့် နှစ်ပေါင်းကြာမြင့်လာသည့်အခါ ရေရှည် တည်တံ့ခိုင်မြဲစေရန် လက်ရှိအချိန်ကတည်းက ကြိုတင်ဆောင်ရွက်ထားရန် လည်း လိုအပ်ကြောင်း သိရသည်။
''အရင်တုန်းက ကျွန်တော်တို့လည်း အမှတ်မှားခဲ့တယ်၊ ရှေးဟောင်း အဆောက်အအုံတစ်ခုကို ပြုပြင်နေရုံနဲ့ မရဘူး၊ မှတ်တမ်းယူဖို့လည်း လိုတယ် ဆိုတာကို မန္တလေးမြို့က ရွှေနန်းတော် ကျောင်းကြီးကို အမေရိကန်သံအမတ်ကြီး ရန်ပုံငွေနဲ့ ပြုပြင်မယ့် နိုင်ငံတကာပညာရှင်တွေရဲ့ လုပ်ဆောင်ချက်တွေအရ သိခဲ့ရတယ်၊ ဒါကြောင့် နိုင်ငံတကာပညာရှင်တွေနဲ့ ပူးပေါင်းပြီး ပြုပြင် ထိန်းသိမ်းတာက အကျိုးရှိပါတယ်''ဟု ၎င်းက ဆက်လက်ပြောသည်။
မြန်မာလူမျိုးများ၏ ခေတ်အဆက်ဆက် ဗိသုကာအနုပညာ၊ ပန်းချီ၊ ပန်းပုနှင့် ပန်းဆယ်မျိုးဆိုင်ရာ ပညာရပ်များကို လေ့လာပါက အနုပညာရပ် တစ်ခုတည်းတွင် ကျေနပ်မနေဘဲ မျိုးဆက်တစ်ခုတည်းမှာပင် ခေတ်ဦး၊ ခေတ်လယ်၊ ခေတ်နှောင်း စသည်ဖြင့် လက်ရာများကို ဆန်းသစ်တီထွင်ကာ ဖန်တီးနိုင်စွမ်းရှိကြောင်း မန္တလေးမြို့ရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံများ၏ ဗိသုကာလက်ရာသမိုင်းကို လေ့လာပါက သိရှိနိုင် ကြောင်း မြန်မာမှုဗိသုကာပညာရှင် တမ္ပဝတီ ဦးဝင်းမောင်က ပြောသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment