Wednesday, February 28, 2018

မန္တလေးကျုံး အဆင့်မြှင့်တင်ခြင်းကို မတ်လအတွင်း အပြီးဆောင်ရွက်မည်

Image may contain: one or more people and outdoor
မန္တလေး ဖေဖော်ဝါရီ ၂၇
မန္တလေးမြို့ရှိ ကျုံးတောင်ဘက်နှင့် အနောက်ဘက်တွင် ယခင်ကာရံထားသည့် အကာအရံများကို စတီးလက်ရန်းများဖြင့် အစားထိုးလဲလှယ်ကာရံခြင်းနှင့် လျှောက်
လမ်းများ အဆင့်မြှင့်တင်ပြုပြင်ခြင်း လုပ်
ငန်းများကို ဖေဖော်ဝါရီ ၁၃ ရက်မှစ၍ လုပ်ဆောင်နေပြီး လာမည့်မတ်လအတွင်း
အပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
မန္တလေးမြို့တော် စည်ပင်သာယာရေး
ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြော ကြားသည်။
အဆိုပါ ကျုံးတောင်ဘက်နှင့် အနောက်
ဘက် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ
ဆောင်ရွက်ရန်အတွက် ငွေကျပ်သိန်း ၄ဝဝဝ
သုံးစွဲသွားမည်ဖြစ်ပြီး စတီးလက်ရန်း
လဲလှယ်ကာရံခြင်းလုပ်ငန်းကို အဆောက်
အအုံနှင့် ကုန်လှောင်ရုံဌာနမှ တာဝန်ယူ
ဆောင်ရွက်ပြီး လျှောက်လမ်းများပြုပြင်ခြင်း
လုပ်ငန်းကို လမ်း၊ တံတားဌာနမှ တာဝန်ယူ
ဆောင်ရွက်နေကြောင်း သိရသည်။
''ဒီလုပ်ငန်းတွေ ဆောင်ရွက်တာ
အပြင်က လုပ်ငန်းရှင်တွေကို ငှားရမ်းပြီး
လုပ်ကိုင်တာမဟုတ်ပါဘူး၊ မြို့တော်စည်ပင်
မှာရှိတဲ့ ဌာနတွေကပဲ တာဝန်ယူဆောင်ရွက် တာပါ၊ မြို့ခံပြည်သူလူထုရဲ့ အကြံဥာဏ်
တွေကို အခြေခံပြီးတော့ အန္တရာယ်ကင်း
ပြီး ရေရှည်ခိုင်ခံ့အောင် အကုန်အကျ သက်
သာစွာနဲ့ ကျုံးရေပြင်၊ နန်းမြို့ရိုးရဲ့ ပုံရိပ်ကို
မထိခိုက်အောင်ပြုပြင်သွားမှာပါ၊ နည်းပညာ
တက္ကသိုလ်(မန္တလေး)က ဗိသုကာပညာရှင် တွေကလည်း သူတို့စိတ်ကူးလေးတွေကို ပို့ပေးတာတွေရှိပါတယ်၊ လက်ရှိမှာ ကျုံး
တောင်ဘက်နဲ့ အနောက်ဘက်ကို ဆောင်
ရွက်နေပြီး ကျန်တဲ့အခြမ်းတွေကို ဆောင်
ရွက်ဖို့ အလှူရှင်တွေက လှူဒါန်းချင်တယ် လို့ ပြောတယ်၊ ဒါတွေကိုလည်း လက်ခံ ကြိုဆိုသွားမှာပါ'' ဟု ၎င်းက ပြောသည်။
ကျုံးရေပြင်ကို ကာရံမည့်အကာအရံ ဒီဇိုင်းကို အဆောက်အအုံနှင့် ကုန်လှောင်ရုံ
ဌာနမှ ရေးဆွဲခြင်းဖြစ်ပြီး အရောင်မှိန်စတီး များကို တရုတ်နိုင်ငံမှ မှာယူထားကြောင်းနှင့် လျှောက်လမ်းများကို အနည်းဆုံးငါးနှစ်ခန့် အထိ မပျက်စီးနိုင်သည့် ကွန်ကရစ်တုံးများ
ဖြင့် အဆင့်မြှင့်တင်သွားမည်ဖြစ်ကာ ကျုံး
ပတ်လည် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းပြီး
စီးပါက ပေ ၂ဝ အကျယ်အဝန်းရှိ ညီညာ
သော ကွန်ကရစ်လျှောက်လမ်းဖြစ်ပေါ်လာ
မည်ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment