Wednesday, February 28, 2018

ဆိပ်ကမ်းနှင့် ကမ်းပြိုကာကွယ်ရေး အချိန်မီပြီးစီးရန် ကွင်းဆင်းစစ်ဆေး

Image may contain: outdoor, nature and water
မော်လိုက် ဖေဖော်ဝါရီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့တွင် တိုင်း
ဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေများဖြင့် ဆောင်ရွက်နေသော ဆိပ်ကမ်းပြုပြင်ထိန်းသိမ်း
ခြင်းနှင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ အချိန်
မီပြီးစီးရေး ကွင်းဆင်းစစ်ဆေးခြင်းကို ဖေဖော်
ဝါရီ ၂၅ ရက် မွန်းလွဲ ၂ နာရီက တိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ် ဦးဘိုသိန်း၊ မြို့နယ်
စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်စိုး၊ မြို့နယ်
စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် မြို့မိမြို့ဖ
များပါဝင်သောအဖွဲ့သည် မော်လိုက်မြို့ ဆိပ်ကမ်း
ပြုပြင်ထိန်းသိမ်းခြင်းနှင့် စွယ်တော်ရပ်ကွက်တွင်
ဆောင်ရွက်နေသည့် ကမ်းပြိုကာကွယ်ရေး
လုပ်ငန်း ဆောင်ရွက်နေမှုများကို ကွင်းဆင်း
စစ်ဆေးခဲ့ပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီရေး၊ လုပ်ငန်းများ မိုးမကျမီ
ပြီးစီးရေးနှင့် ခိုင်ခံ့ကောင်းမွန်စေရေးတို့အတွက်
အထူးကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး
လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
အဆိုပါ တိုင်းဒေသကြီးအစိုးရအဖွဲ့ခွင့်ပြုရန်ပုံ
ငွေကျပ်သန်း ၅ဝဝ ဖြင့် ပေ ၂၈၅ဝ ရှိ ဆိပ်ကမ်းပြုပြင်
ထိန်းသိမ်းခြင်းလုပ်ငန်းနှင့် စွယ်တော်ရပ်ကွက်ရှိ ၅၃၅ ပေရှိ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းကို လည်း
ကောင်း၊ တပ်ကုန်းကျေးရွာတွင် ခွင့်ပြုငွေ ကျပ် သန်း ၃ဝဝ၊ ညောင်ဝန်းကျေးရွာတွင် ခွင့်ပြုငွေ
ကျပ်သန်း ၂၅ဝ၊ ကြာအင်းကျေးရွာတွင် ခွင့်ပြုငွေ
ကျပ်သန်း ၃ဝဝ တို့ဖြင့် ကမ်းပြိုကာကွယ်ရေး လုပ်ငန်း လေးခုအား ရေအရင်းအမြစ်နှင့် မြစ်
ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ
ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းများအား မတ်လကုန် ပြီးစီးနိုင်ရန် ခန့်မှန်းထားကြောင်း ရေအရင်း
အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်မြတ်
ထံမှ သိရသည်။
မော်လိုက်သားလေး

No comments:

Post a Comment