Sunday, February 4, 2018

ကွန်ပျူတာအစီအစဉ်တစ်ခု ရေးဆွဲသူ (၈၂)နှစ်အရွယ် ဂျပန်အမျိုးသမီး ကုလသမဂ္ဂအဖွဲ့ရုံးချုပ်တွင် မိန့်ခွန်းပြော

Image may contain: 1 person, closeup
ကျိုတို ဖေဖော်ဝါရီ ၃
အသက်(၈၂)နှစ်အရွယ် ကွန်ပျူတာဆော့ဝဲလ်ပရိုဂရမ် ရေးဆွဲသူ ဂျပန်အမျိုးသမီးကြီးသည် သက်ကြီးရွယ်အိုများ အတွက် ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုမှုသည် အကျိုး ကျေးဇူးများစွာ ဖြစ်ထွန်းစေကြောင်းနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂအဖွဲ့ရုံး ချုပ်တွင် မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့ကြောင်း ယနေ့သတင်း များအရ သိရသည်။
ကုလသမဂ္ဂ စီးပွားရေးနှင့်လူမှုရေးဆိုင်ရာဌာနနှင့် ကုလသမဂ္ဂ အမြဲတမ်းအဖွဲ့ဝင် ဂျပန်အဖွဲ့တို့က ဒစ်ဂျစ် တယ်နည်းပညာရပ်ဆိုင်ရာကွန်ဖရန့်ကို ကြီးမှူးကျင်းပခဲ့ ခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၂ ရက်တွင် မာဆာကို ဝါကာမီယာက သက်ကြီးရွယ်အိုများအတွက်ရည်ရွယ်ပြီး ¤င်းရေးဆွဲထား သော ဂိမ်းကစားနည်း ပရိုဂရမ်တစ်ခုကို စတင်မိတ်ဆက်ခဲ့ သည်။
သက်ကြီးရွယ်အိုများအား လူ့အဖွဲ့အစည်းတွင် တက်ကြွလှုပ်ရှားစွာ ပါဝင်ဆောင်ရွက်နိုင်ရန် မာဆာကို ဝါကာမီယာက လူ့အဖွဲ့အစည်းအား တိုက်တွန်းပြောကြား ခဲ့သည်။
မာဆာကို ဝါကာမီယာသည် အသက်(၈ဝ)နှစ်ပြည့် ပြီးသည့်နောက်ပိုင်းတွင် ကွန်ပျူတာအစီအစဉ်များ ရေးဆွဲ သည့် နည်းပညာကို လေ့လာလိုက်စားခဲ့သည်။ သူသည် နှစ် ၂ဝ အကြာက အင်တာနက်သုံးစွဲသူများအဖွဲ့သို့ ဝင်ရောက်ပြီးနောက် ဒစ်ဂျစ်တယ်နည်းပညာကို ပိုမိုစိတ်ဝင် စားလာခဲ့ကြောင်း မာဆာကို ဝါကာမီယာက ဆိုသည်။
ဒစ်ဂျစ်တယ်နည်းပညာသည် သက်ကြီးရွယ်အိုများ အား အထီးကျန်မှုမှ ကင်းဝေးစေပြီး တက်ကြွလှုပ်ရှားစေရန် ကူညီပေးသည့်အပြင် မိသားစုဝင်များအပါအဝင် လူအများ အပြားနှင့် သတင်းအချက်အလက်များ၊ အတွေ့အကြုံများ၊ ပညာရပ်ဆိုင်ရာ ဗဟုသုတများ အပြန်အလှန်ဖလှယ်နိုင် ကြောင်း မာဆာကို ဝါကာမီယာက ပြောကြားခဲ့သည်။
သက်ကြီးရွယ်အိုများအနေဖြင့် လုပ်နိုင်စွမ်းရည် ကျဆင်းခြင်းမရှိသေးကြောင်းနှင့် ၎င်း တို့၏ ဘဝကို အကောင်းဆုံး ဖန်တီးနိုင်ကြသည့်အရည်အသွေးကို ပိုင်ဆိုင် ထားသေးကြောင်း မာဆာကို ဝါကာမီယာက သက်သေထူ လိုက်ပြီဖြစ်သည်ဟု ကွန်ဖရန့်တက်ရောက်သူတစ်ဦးက ဆိုသည်။
အင်န်အိတ်ခ်ျကေ

No comments:

Post a Comment