Sunday, February 4, 2018

လစ်ဗျားကမ်းခြေစောင့်တပ်ဖွဲ့မှ ရေယာဉ်များကတရားမဝင် ရွှေ့ပြောင်းအခြေချနေထိုင်သူ ၃ဝဝ ကျော်အား ကယ်တင်

Image may contain: one or more people, outdoor and water
ထရီပိုလီ ဖေဖော်ဝါရီ ၃
လစ်ဗျားနိုင်ငံ အနောက်ဘက်ပိုင်းတွင် ကမ်းခြေစောင့်တပ်ဖွဲ့က သီးခြားစီပြုလုပ်သော စစ်ဆင်ရေးသုံးခုအတွင်း တရားမဝင်ရွှေ့ပြောင်းအခြေချနေထိုင်သူ ၃၆၂ ဦးအား ကယ်တင်နိုင်ခဲ့ကြောင်း လစ်ဗျားရေတပ် ပြောရေးဆိုခွင့် ရှိသူက ဖေဖော်ဝါရီ ၂ ရက်တွင် ပြောကြားသည်။
လစ်ဗျားကမ်းခြေစောင့်တပ်ဖွဲ့မှ ကင်းလှည့်ရေယာဉ်များက သီးခြားစီပြုလုပ်သော စစ်ဆင်ရေးများအတွင်း တရားမဝင် ရွှေ့ပြောင်းအခြေချသူ ၃၆၂ ဦးအား ကယ်တင်ခဲ့ပြီး ၎င်း တို့ထဲတွင် လူမျိုးကွဲပြားသူများ ပါဝင်ကြောင်း လစ်ဗျားရေတပ်မှ ပြောရေးဆိုခွင့်ရှိသူ အာယွတ်ကက်စ်ဆမ်က ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။
လစ်ဗျားကမ်းခြေစောင့်တပ်ဖွဲ့မှ ရေယာဉ်တစ်စင်းသည် မြို့တော်ထရီပိုလီ၏ အရှေ့ဘက်ကီလိုမီတာ ၁၂ဝ အကွာရှိ အယ်လ်ခွန်စ်မြို့ကမ်းလွန်တွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၉၈ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ကက်စ်ဆမ်က ပြောကြားသည်။
လစ်ဗျားကမ်းခြေစောင့်တပ်ဖွဲ့မှ ဒုတိယကင်းလှည့် ရေယာဉ်တစ်စင်းက မြို့တော်ထရီပိုလီ၏ အနောက်ဘက် ကီလိုမီတာ ၁၂ဝ အကွာတွင် တွဲပျက်နေသည့် ရေယာဉ်နှစ်စင်းပေါ်မှ လူပေါင်း ၂၅ဝ ကို ကယ်တင်ခဲ့ပြီး ထရီပိုလီ မြို့ရှိ ရေတပ်အခြေစိုက်စခန်းသို့ ခေါ်ယူလာခဲ့ကာ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ ထိန်းသိမ်းသည့်ဌာန သို့ လွှဲပြောင်းပေးခဲ့သည်။
လစ်ဗျားကမ်းခြေစောင့်တပ်ဖွဲ့မှ တတိယကင်းလှည့်ရေယာဉ်က အဘူကန်မက်ရှ်မြို့၏ မြောက်ဘက် ကီလို မီတာ ၈ဝ အကွာရှိ ပင်လယ်ပြင်အတွင်း၌ သစ်သားကိုယ်ထည်ရေယာဉ်တစ်စင်းပေါ်မှ တရားမဝင် ရွှေ့ပြောင်း နေထိုင်သူ ၂၃ ဦးကို ကယ်တင်ခဲ့ရပြီး ၎င်းတို့ထဲတွင် လစ်ဗျားလူမျိုးကိုးဦးပါဝင်ကြောင်း လစ်ဗျားရေတပ်မှ ပြောရေး ဆိုခွင့်ရှိသူ ကက်စ်ဆမ်က ဆက်လက်ပြောကြားသည်။
လစ်ဗျားနိုင်ငံတွင် ၂ဝ၁၁ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ဆူပူအြုံ့ကွမှုများအပြီးတွင် နိုင်ငံတွင်း အခြေအနေ တည်ငြိမ်မှုကင်းမဲ့လာပြီး တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများက မြေထဲပင်လယ်ကို ဖြတ်သန်း၍ ဥရောပတိုက် ကမ်းခြေဒေသများထိ နိုင်ငံစွန့်ခွာသွားရောက်ရန် ကြိုးပမ်းမှုများ ရှိလာခဲ့သည်။
ဆင်ဟွာ

No comments:

Post a Comment