Sunday, February 4, 2018

ကျောင်းကားပြေးဆွဲခြင်းစနစ်သစ်အတွက် စမ်းသပ်လေ့ကျင့်

Image may contain: 1 person, sky and outdoor
ရန်ကုန် ဖေဖော်ဝါရီ ၃
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်အတွက် ကျောင်းကြို/ပို့ယာဉ်များ ပြေးဆွဲမည့် ယာဉ်များသည် စည်းကမ်းချက်များနှင့် ညီညွတ်မှသာ ပြေးဆွဲခွင့်ပြုမည်ဖြစ်သဖြင့် လာမည့်ပညာသင်နှစ်အတွင်း ရန်ကုန်မြို့တွင်း လိုက်ထရပ်ယာဉ်များ ကျောင်း ကားအဖြစ် ပြေးဆွဲခြင်းမရှိနိုင်ဟု လိုက်ထရပ်ကျောင်းကား ယာဉ်မောင်း ကိုဂျွန်က ဆိုသည်။ လက်ရှိ ကျောင်းကား ဘတ်စ်ကားများသည်လည်း ဘယ်မောင်းယာဉ်များဖြစ်ရန် လိုအပ်ချက်ရှိနေသည်ဟု သိရသည်။
ဖေဖော်ဝါရီ ၁ ရက်မှ ၆ ရက်အထိ ပြည်လမ်းမရှိ ကျောင်းရှေ့တွင် ကျောင်းကားပြေးဆွဲမည့်စနစ်သစ်အတွက် စမ်းသပ်ပြုလုပ်နေသည်ကို မြင်တွေ့ ရသည်ဟု ကျောင်းသားမိဘ ဦးကျော်က ဆိုသည်။
ဂျပန်လူမျိုးပညာရှင်အချို့နှင့် တာဝန်ရှိသူများ ကျောင်းရှေ့ကားလမ်းဘေး များတွင် ယာဉ်များနေရာယူကာ ကျောင်းသားများ အတက်၊ အဆင်း ပြုလုပ်ခြင်း များကို လမ်းညွှန်ကြီးကြပ်ပေးနေသည်ကို မြင်တွေ့ရသည်။ နှစ်သုတ်တက် ကျောင်းဖြစ်ပြီး ကျောင်းကားအစီးရေ ၂ဝ ဝန်းကျင်ခန့်ရှိရာ နံနက်ပိုင်း ကျောင်း ချိန်ကားများကို ''ဗ'' အက္ခရာ ညနေချိန်တွင် ''ဏ'' အက္ခရာဖြင့် အုပ်စု လေးစု ခွဲထားသည်။ ကျောင်းရှေ့ဝန်းကျင် ပြည်လမ်းမဘေးများတွင် ယာဉ်ရပ်၍ မရရန် လမ်းဘေးနှစ်ဖက်စလုံးတွင် ကြိုးတန်းတောက်လျှောက်ချထားခြင်း အပြင် လမ်းလယ်တွင်ပါ ကြိုးတန်းချထားသည်။
ကျောင်းဆင်းချိန်တွင် ကျောင်းကားများ အလှည့်ကျလာရောက်ကာ ကျောင်းသားများကို ခေါ်ယူစေသည်။ လမ်းဘေးနှစ်ဖက်တွင် စီတန်းရပ်ထား သောယာဉ်တန်းများမရှိသဖြင့် ကျောင်းရှေ့ယာဉ်ကြောပိတ်မှုသည် ကျောင်းဆင်း၊ ကျောင်းတက်ချိန်တို့တွင် ယခင် တွေ့ကြုံရခြင်းထက် လျော့နည်းသွားသည်ကို မြင်တွေ့ရသည်ဟု လိုင်းကားယာဉ်မောင်းတစ်ဦးက ဆိုသည်။ ယင်းကျောင်းရှေ့ တွင်သာမက အခြားကျောင်းအချို့ ရှေ့ဝန်းကျင်တို့တွင်ပါ ယာဉ်ပိတ်ခြင်းများ ရှိနေသဖြင့် ကျောင်းကားပြေးဆွဲခြင်းစနစ် ပြောင်းလဲလုပ်ကိုင်ခြင်းဖြစ်သည်ဟု သိရသည်။
မောင်စေအောင်

No comments:

Post a Comment