Wednesday, February 28, 2018

အိန္ဒု-ကော့ကရိတ်လမ်း အဆင့်မြှင့်တင်ခြင်းစီမံကိန်းမှ နစ်နာသူများအား ဒုတိယအကြိမ် မြေယာ၊ သီးနှံ လျော်ကြေးပေးအပ်

Image may contain: 5 people, people standing and people sitting
ဘားအံ ဖေဖော်ဝါရီ ၂၇
မဟာမဲခေါင်ဒေသခွဲ အရှေ့အနောက်စီးပွားရေးစင်္ကြံ လမ်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သော အိန္ဒု-ကော့ကရိတ် လမ်း အဆင့်မြှင့်တင်ခြင်းစီမံကိန်း၏ ဦးစားပေးလမ်းပိုင်း များရှိ ထိခိုက်နစ်နာသူများအား ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၃ နာရီက ဘားအံမြို့ အမှတ်(၄)ရပ်ကွက် ကန်သာဦး ခန်းမ၌ ဒုတိယအကြိမ် မြေယာ၊ သီးနှံလျော်ကြေး ပေးအပ် ခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ဒုတိယဥက္ကဋ္ဌနှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ က ထိခိုက်နစ်နာသူပုဂ္ဂိုလ်တစ်ဦးချင်းစီအား လျော်ကြေး ငွေများပေးအပ်ရာ ကျေးရွာအုပ်စု ၅ အုပ်စုမှ အိမ်ထောင်စု ၉၆ စုနှင့် အများပြည်သူပိုင်နေရာ ခုနစ်နေရာတို့အတွက် မြေယာ၊ သီးနှံလျော်ကြေးများ ပေးအပ်ခဲ့ကြသည်။
အဆိုပါလမ်းပိုင်းကို အာရှဖွံ့ဖြိုးရေးဘဏ်(ADB)ချေးငွေ အမေရိကန်ဒေါ်လာသန်း ၁ဝဝ၊ အာဆီယံအခြေခံ အဆောက်အအုံရန်ပုံငွေ ချေးငွေဒေါ်လာသန်း ၂ဝ၊ နိုင်ငံတော်အစိုးရမှ ဒေါ်လာ ၁ ဒသမ ၈သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂၁ ဒသမ ၈ သန်း အကုန်အကျခံ၍ အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ရာ လမ်းဘေး ဝဲယာ တစ်လျှောက်နေထိုင်ကြသည့် ဘားအံမြို့နယ်မှ လွန်းည၊ ကော့ကဒါ၊ သာယာကုန်း၊ နောင်ကုန်း၊ ခရဲ ကမ်းနား၊ ကျုံစောင့်၊ ဂျိုင်းကျေးရွာများ၊ ကော့ကရိတ် မြို့နယ်မှ ကျုံဒိုး၊ ဒေါ့ဖျာ၊ နွားခြံကုန်း၊ ငါးတိုင်၊ ခုနစ်တိုင်၊ တံတားကျိုး၊ ရေကျော်ကြီး၊ လှိုင်ဝကျေးရွာတို့မှ ထိခိုက် နစ်နာသူများအား ၂ဝ၁၇ ခုနှစ် အောက်တိုဘာ ၂ ရက် တွင် ပထမအကြိမ်လျော်ကြေးပေးသည့်အနေဖြင့် လူနေ အိမ်ခြံမြေ ၁၂၅၉၆ ဒသမ ၃၆ စတုရန်းပေ၊ လယ်မြေ ၂ ဒသမ ဝ၁၉၃ ဧကနှင့် ဥယျာဉ်ခြံမြေ သုည ဒသမ ၂၈၉၂ ဧကတို့အတွက် လျော်ကြေးငွေကျပ် ၆၇၆ သန်းအား ပေးအပ်ခဲ့ပြီး ယင်းနေ့တွင် ဒုတိယအကြိမ်အနေဖြင့် လူနေ အိမ်ခြံမြေ ၆၁၁၆၃ ဒသမ ဝ၉၄၃ စတုရန်းပေ၊ လယ်မြေ ၁ ဒသမ ၂၉၉၁ ဧကနှင့် ဥယျာဉ်ခြံမြေ ၁ ဒသမ ၉၈၉၇ ဧကတို့အတွက် လျော်ကြေးငွေ ၁၁၁၅ သန်း စုစုပေါင်း လျော်ကြေးငွေ ကျပ် ၁၇၉၁ သန်းကို ပေးအပ်ပြီးခဲ့ပြီဖြစ် ကြောင်း သိရသည်။
အဆိုပါလမ်းပိုင်းသည် အိန္ဒုကျေးရွာမှ ကော့ကရိတ် လှိုင်ဝတံတားထိ (၆၆ ဒသမ ၄ကီလိုမီတာ) ရှိပြီး ယာဉ်အမျိုးမျိုးအတွက်သင့်လျော်သော ၁ဝ မီတာအကျယ်ရှိ နှစ်လမ်းသွား ကတ္တရာကွန်ကရစ်လမ်းမကြီးကို (RC)တံတား ၁၉ စင်း၊Box Culvert ၇၈ စင်း၊ Pipe Culvert၁၄ စင်းတို့ဖြင့် အာဆီယံစံချိန်စံနှုန်းနှင့်အညီ အဆင့်မြှင့် တင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments:

Post a Comment