Wednesday, February 28, 2018

တစ်ပတ်အတွင်းအားကစားသတင်း

Image may contain: one or more people and closeup
မမက်ခဲ့တဲ့ အိပ်မက်တွေ ဖမ်းဆုပ်နိုင်တဲ့ စီရိုနယ်လ်ဒို
တိုက်စစ်မှူး စီရိုနယ်လ်ဒိုဆိုတာ မက်ဆီနဲ့အပြိုင် ဘောလုံးသမိုင်းမှာ ကမ္ဘာ့အကောင်းဆုံးတွေထဲမှာတောင် ထိပ်ဆုံးက ရှိနေမယ့် အကောင်းဆုံး တစ်ယောက်ပါ။ ဒါပေမယ့် သူက အိမ်မှာဆိုရင် သူ့မိတ်ဆွေတွေကန်တဲ့ ဒါဘီလို ပွဲကြီးပွဲကောင်းတွေတောင် သိပ်မကြည့်ဖြစ်ဘဲ ဖျော်ဖြေမှုပေးသလို ဗဟုသုတရစေတဲ့ ရုပ်သံအစီအစဉ်တွေကို ကြည့်လေ့ရှိတယ်လို့ အံ့အားသင့် ဖွယ်ဆိုခဲ့သလို အဲဒီအစား ပဲရစ်၊ လန်ဒန်တို့ဘောလုံးနဲ့ ပတ်သက်ပြီး နောက်ထပ် အံ့အားသင့်စရာတစ်ချက်ကိုလည်း ထုတ်ဖော်ပြောကြားလိုက်ပါသေးတယ်။
စီရိုနယ်လ်ဒိုက သူရဲ့ ငယ်ဘဝ သူရဲကောင်းတွေဟာ ရူအီကော်စတာ၊
ဖီဂိုတို့ဖြစ်တယ်လို့ ပြောကြားထားဖူးပေမယ့် ဒီပေါ်တူဂီကစားသမားတွေတောင် မကိုင်မြောက်ဖူးတဲ့ ယူရိုဖလားကို ကိုင်မြှောက်ခဲ့ဖူးပြီဖြစ်သလို ဘလွန်းဒီအောဆု၊ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုစတဲ့ တစ်ဦးချင်းထူးချွန်ဆုတွေကိုလည်း အကြိမ်ကြိမ် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။
သူဟာ လက်ရှိမှာ မက်ဆီနဲ့အပြိုင် ဘလွန်းဒီအောဆုကို ငါးကြိမ်အထိ ရယူ
ထားနိုင်တဲ့ ကစားသမားဖြစ်ပေမယ့် သူ့ကိုယ်သူတောင် ဒီလို ဘလွန်းဒီအောဆု ငါးကြိမ်ရတဲ့သူဖြစ်လာမယ်ဆိုတဲ့ အိပ်မက်မျိုး မမက်ခဲ့ဖူးဘူးလို့ ထုတ်ဖော်ပြော ကြားလိုက်တာပါ။
သူက ''ရိုးရိုးသားသား ဆိုရရင် ကျွန်တော်မက်ခဲ့သမျှ အိပ်မက်တွေက အကုန်ဖြစ်လာတာပါ၊ ဒါပေမယ့် ဘလွန်းဒီအောဆု ငါးကြိမ် ရရှိမယ်ဆိုတဲ့ အိပ်မက်တော့ တစ်ခါမှ မမက်ဖူးပါဘူး'' လို့ ဘရာဇီးYou Tube ရုပ်သံတစ်ခု
ဖြစ်တဲ့ ဒက်ဆင်ပီဒီအေ့စ်နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။ ဒါပေမယ့် စီရိုနယ်လ်ဒို
က ဘလွန်းဒီအောဆုကို နောက်နှစ်မှာလည်း ဆက်ရဖို့ မျှော်လင့်နေပြီး ဒီအတွက်
ဆိုရင် ကမ္ဘာ့ဖလား ၊ ဒါမှမဟုတ် ချန်ပီယံလိဂ်ဖလားဆွတ်ခူးဖို့ လိုတယ်လို့ လည်း
မှတ်ချက်ပြုခဲ့ပါသေးတယ်။
စီရိုနယ်လ်ဒို ဟာ သူမမက်ဖူးခဲ့တဲ့ အိပ်မက်ဆန်တဲ့ဘဝကို ပိုင်ဆိုင်ထားတာ တောင် နောက်ထပ် ဘလွန်းဒီအောဆုကို ဆက်လက် ဆွတ်ခူးလိုတယ်လို့ ဆိုခဲ့
သလို အင်တာဗျူးတစ်ခုမှာလည်း သူ့ရဲ့ ပုဂ္ဂိုလ်ရေးရည်မှန်းချက်က ဘလွန်း
ဒီအောဆု ခုနစ်ကြိမ်နဲ့ ကလေးခုနစ်ဦး ပိုင်ဆိုင်ရေး ဖြစ်တယ်လို့ ကျောနံပါတ် (၇) ပိုင်ရှင် စီရိုနယ်လ်ဒိုက ပြောကြားခဲ့ဖူးသူပါ။
ယူ-၁ဝ အသင်းအဖြစ် ဝေဖန်ခံနေရတဲ့ အာဆင်နယ်
ဖေဖော်ဝါရီ ၂၅ရက် ညပိုင်းက ယှဉ်ပြိုင်ခဲ့တဲ့ ကာရာဘရိုဖလားပြိုင်ပွဲမှာ အာဆင်နယ်က မန်စီးတီးကို သုံးဂိုးပြတ်နဲ့ မရှုမလှ အရေးနိမ့်သွားခဲ့ပါတယ်။အာဆင်နယ်အနေနဲ့ ရှေ့နောက်အလယ်၊ ဂိုးသမားနေရာအဆုံး ဘယ်နေရာမှ မန်စီးတီးကို ယှဉ်ကစားနိုင်ခြင်းမရှိသလို ကစားသမားတွေရဲ့ အောင်မြင်မှု
အပေါ် ဆာလောင်မှု နည်းပါးနေတဲ့ စိတ်ဓာတ်ပိုင်းကြောင့်လည်း ယခုလောက်
အထိဂိုးပြတ်သွားခဲ့ရတာပါ။
ဒီပွဲမကစားခင် မန်စီးတီးက ဗိုလ်စွဲဖို့ သိသိသာသာ ရေပန်းစားခဲ့တာတောင် အာဆင်နယ်ပရိသတ်တွေကတော့ မနှစ်က အက်ဖ်အေဖလားဗိုလ်လုပွဲလိုမျိုး အာဆင်နယ် တစ်ခုခု လုပ်ပြနိုင်ဦးမယ်ဆိုတဲ့ မျှော်လင့်ချက်ကလည်း တစ်ဖက်
မှာ ရှိခဲ့ပေမယ့် တကယ်ကစားချိန်ကျမှ မန်စီးတီးက အာဆင်နယ်ကို တစ်ဖက်
သတ်ဖိကစားပြီး လွယ်လွယ်ကူကူပဲ အနိုင်ယူပြလိုက်ချိန်မှာတော့ ပရိသတ်တွေ
ရဲ့ ဝေဖန်သံတွေဟာ တွစ်တာလို လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပွက် လောရိုက်နေပါတယ်။ ဝင်းဂါးအနေနဲ့ ပွဲကိုကြည့်နေရင်း လျှပ်စစ်ခုံပေါ်မှာ သေဒဏ်ပေးခံထားရတဲ့ လူတစ်ဦးထိုင်နေသလို ဖြစ်နေတယ်စတဲ့ ကြမ်းတမ်း လှတဲ့ ခိုင်းနှိုင်းမှုတွေလည်း မြင်တွေ့ခဲ့ရပါတယ်။
ဒေါသထွက်နေတဲ့ အာဆင်နယ်ပရိသတ်တွေက ဝင်းဂါးကို အသင်းက ထုတ်ပယ်သင့်ပြီ၊အာဆင်နယ်ကလည်း ယူ-၁ဝ အသင်းလောက်ပဲ စွမ်းဆောင် ရည်ရှိခဲ့ပြီး ကလေးနဲ့ လူကြီးကစားတဲ့ပွဲလို မမျှမတဖြစ်နေတယ်ဆိုတဲ့ ရေးသား
မှုတွေဟာ ပရိသတ်တွေရဲ့ မချိတင်ကဲ ခံစားချက်တွေကို ရုပ်လုံးဖော်ပေးနိုင်ခဲ့ပါ တယ်။
အာဆင်နယ်ပရိသတ်ကလေးငယ်တစ်ဦး ပွဲကြည့်စင်ပေါ်မှာ ပွဲကို ကြည့်
နေရင်း ဝမ်းနည်းလာပြီး မျက်ရည်တွေ စီးကျလာတဲ့ မြင်ကွင်းဟာ အားကစား
ဝက်ဘ်ဆိုက်တွေကြား ပျံ့နှံ့လို့နေသလို အားကစားရေးရာ သုံးသပ်သူတွေ
က ဒါဟာ တစ်နှစ်ထက်တစ်နှစ် ကျဆင်းလာတဲ့ အာဆင်နယ်ရဲ့ ရုပ်လုံးအမှန်
ကို ပြသရာရောက်တယ်စသဖြင့်စသဖြင့်။ အာဆင်နယ်အနေနဲ့ လက်ရှိအချိန်
မှာ မြို့ခံပြိုင်ဘက်စပါးရဲ့ ရပ်တည်မှုကိုတောင် လိုက်မမီတော့ဘဲ မြောက်လန်ဒန်
မှာစပါးက အာဆင်နယ်ထက် အရှိန်အဝါပိုရှိလာပြီဆိုတဲ့ စပါးပရိသတ်တွေ
ရဲ့ ဂုဏ်ယူသံတွေဟာလည်း အရင်က စင်ပေါ်မှာနေခဲ့တဲ့ အာဆင်နယ်
ပရိသတ်တွေအတွက်တော့ ''အနာပေါ် တုတ်ကျ'' ဖြစ်စေခဲ့ပါတယ်။
ချယ်လ်ဆီးကို အနိုင်ယူပြီး ပေါ့ဘာရဲ့ အောင်ပွဲခံနည်း
မန်ယူက ချယ်လ်ဆီးကို အိုးထရက်ဖို့ဒ်ကွင်းမှာ နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ယူ နိုင်ခဲ့ပြီးနောက် မန်ယူစူပါစတား ပေါ့ဘာရဲ့ အောင်ပွဲခံမှုကတော့ ဆံပင် ပုံစံ
အသစ်ညှပ်ခြင်းအားဖြင့်ပါ။ ပေါ့ဘာက ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း မန်ယူ
နည်းပြ မော်ရင်ဟိုနဲ့ ပြေလည်မှု မရှိခဲ့ဘူးဆိုတဲ့ သတင်းတွေ ထွက်ခဲ့သလို မန်ယူ
အသင်းရဲ့ ပွဲထွက်စာရင်းမှာလည်း ပါဝင်လာခြင်းမရှိခဲ့တာကြောင့် ဒါဟာ တိုက်
ဆိုင်မှုရှိရုံကြောင့် ထွက်လာတဲ့ ကောလာဟလ သက်သက်တော့ မဟုတ်ခဲ့
ပါဘူး။
ဒါပေမယ့် ချယ်လ်ဆီးကို အနိုင်ယူခဲ့တဲ့ပွဲမှာ ပေါ့ဘာ ပြန်လည်ပါဝင်လာခဲ့
သလို ခြေစွမ်းလည်း အတော့်ကို ကောင်းမွန်ခဲ့တာကိုတွေ့ရပါတယ်။ပေါ့ဘာ ဟာ ဒီပွဲပြီး နာရီပိုင်းအတွင်းမှာပဲ ဆံသဆရာဆီသွား ဆံပင်ပုံစံအသစ်
ညှပ်ခဲ့ကာ အင်စတာဂရမ်ပေါ်မှာ ပုံတင်ခဲ့တာဖြစ်ပါတယ်။ သူဟာ ဂျူဗင်တပ်
ကနေ အသင်းဟောင်း မန်ယူကို ပြန်လာပြီး သွင်းဂိုး ၁၂ ဂိုးသွင်းယူထားနိုင် ချိန်မှာ ဆံပင်ပုံစံအကြိမ် ၂ဝ ပြောင်းလဲခဲ့ပြီးဖြစ်တာကြောင့်လည်း ပေါ့ဘာဟာ မန်ယူမှာ ဂိုးသွင်းဖို့ဆိုတာထက် ဆံပင်ပုံစံအမျိုးမျိုးပြောင်းလဲဖို့သာ ပိုစိတ် ဝင်စားနေတယ်လို့The Sun သတင်းဌာနကဖော်ပြခဲ့တာဖြစ်ပါတယ်။
မန်စီးတီးရဲ့ အမြွာညီနောင်
မန်စီးတီးပရိသတ်တွေဟာ သူ့ကို မြင်ရင် အသင်းရဲ့ စူပါစတားကစားသမား
ကီဗင်ဒီဘရိုင်းနဲ့ မှားယွင်းတတ်ကြပေမယ့် သူက ပိုကြည့်ကောင်းပါတယ်လို့
ဟာသနှောပြီး ပြောကြားခဲ့ပါတယ်။ အသက် (၂၁) နှစ်အရွယ် ဇင်ချန်ကိုရဲ့
ဆံပင်၊ အသားအရေဟာ ကီဗင်ဒီဘရိုင်းနဲ့ တူတာကြောင့် ရုတ်တရက်ကြည့် လိုက်ရင်သူ့ကို ဒီဘရိုင်းလို့ ပရိသတ်တွေက မှားယွင်းတတ်ကြတာဖြစ်ပါတယ်။
ဇင်ချန်ကိုက ''သူတို့က ကျွန်တော့်ကို ယုံကြည်တယ်ဆိုတာ အမြဲကြားနေ ရပါတယ်၊ လူတိုင်းက ကျွန်တော့်ကို ကီဗင်လို့ ခေါ်တတ်ကြတယ်၊ ဘတ်စ်ကား
စီးသွားရင် ပရိသတ်တွေက ကီဗင်ရေကျွန်တော်နဲ့ ဓာတ်ပုံတစ်ပုံလောက် တွဲ
ရိုက်ပေးပါလားဗျာလို့ တောင်းဆိုတတ်ကြတယ်၊ ဒါပေမယ့် ကျွန်တော်က သူ့
ထက်ပိုကြည့်ကောင်းတယ်ဆိုတာ သေချာတာပေါ့ဗျာ'' လို့ တယ်လီဂရပ်သတင်း
ဌာနသို့ ဟာသနှောပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နွေဈေးကွက်
က ခေါ်ယူခဲ့တဲ့ မန်ဒီဒဏ်ရာကြောင့် ကာလကြာရှည် အနားယူခဲ့ရပြီးနောက်
မှာ ဇင်ချန်ကိုဟာ ဂွါဒီယိုလာရဲ့ အစီအစဉ်မှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။
မေလဲ့သင်း-ရေးသားသည်။

No comments:

Post a Comment