Wednesday, February 28, 2018

တာချီလိတ်ခရိုင်ဆေးရုံ၌ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ နှင့် မီးလောင်ဒဏ်ရာလူနာများအား အခမဲ့ ခွဲစိတ်ကုသပေး

Image may contain: 2 people, people sitting, people eating and table
တာချီလိတ် ဖေဖော်ဝါရီ ၂၇
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ရှမ်းပြည်နယ် အစိုးရအဖွဲ့ မြန်မာနိုင်ငံစားဖိုမှူးများအသင်းနှင့် ရှမ်း ပြည်နယ် (အရှေ့ပိုင်း)ပရဟိတအဖွဲ့များမှ ပူးပေါင်း၍ ဂျာမနီနိုင်ငံနှင့် မြန်မာနိုင်ငံမှ ခွဲစိတ်ဆရာဝန်ကြီးများ က နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ မီးလောင်ဒဏ်ရာ လူနာ များအား အခမဲ့ခွဲစိတ်ကုသခြင်းဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၉ နာရီက တာချီလိတ်ခရိုင်ပြည်သူ့ ဆေးရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက အဖွင့် နှုတ်ခွန်းဆက်စကားပြောကြားပြီး ဂျာမနီနိုင်ငံမှ အထူးကု ဆရာဝန်ကြီးDr.Heinz Schoeneich က လာရောက်ကုသပေးခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြော ကြားသည်။ ထို့နောက် မြို့မိမြို့ဖများနှင့် လူနာများ ကိုယ်စား တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်း ဝင်းအောင်က ကျေးဇူးတင်စကားပြောကြားပြီး ဂျာမနီ နိုင်ငံမှ အထူးကုဆရာဝန်ကြီးများနှင့် မြန်မာနိုင်ငံမှ အထူးကုဆရာဝန်ကြီးများ၊ တာချီလိတ်ခရိုင် ပြည်သူ့ ဆေးရုံမှ အထူးကုဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်း များက လူနာများအား စတင်ခွဲစိတ်ကုသပေးသည်။
နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲနှင့် မီးလောင်ဒဏ်ရာလူနာ များအား မတ် ၇ ရက်အထိ ၁ဝ ရက်ကြာ ခွဲစိတ် ကုသပေးသွားမည်ဖြစ်ရာ တာချီလိတ်မြို့နယ်မှ ၇ဝ၊ မိုင်းဖြတ်မြို့နယ်မှ ၃၁ ဦး၊ ကယားပြည်နယ်၊ လွိုင်ကော် မြို့နယ်မှ ၅၃ ဦး စုစုပေါင်း ၁၅၄ ဦး စာရင်းရှိပြီး လူနာ များနှင့် လူနာစောင့်များ တည်းခိုနေထိုင် စားသောက် ရေး အဆင်ပြေရန် ဂေါ်ရခါးမဂ္ဂရိပ်သာဓမ္မာရုံတွင် စီစဉ်ပေးထားကာ မင်မင်ကုန်စုံဆိုင်၊ မန်းမန်းစတိုး၊ ယုံးကြည်စတိုး၊ ကျုံးကုန်ဆုံဆိုင်နှင့် မန်းမန်းဆေးဆိုင် မောင်နှမတစ်စုမှ ထိုင်းဘတ်ငွေ တစ်သိန်း၊ ကျောက် စိမ်းကန်မွေးမြူရေးလုပ်ငန်းနှင့် ရွှေသရဖူမီနီမတ် မိသားစုမှ ထိုင်းဘတ်ငွေ ၂၅ဝဝဝ၊ ဦးမြင့်ဦး (မုတ်ဆိတ်)နှင့်ဒေါ်နန်းသောင်း မိသားစုမှ ထိုင်းဘတ် ငွေ ၅ဝဝဝ၊ ဦးကျော်နန္ဒ(မြို့နယ်မြေစာရင်း ဦးစီးမှူး) နှင့် ဒေါ်သန္တာမြင့် မိသားစုမှ ထိုင်းဘတ်ငွေ ၃ဝဝဝ ပါဝင်ကူညီထောက်ပံ့ပေးသည်။
အဆိုပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲနှင့် မီးလောင် ဒဏ်ရာလူနာများကို အခမဲ့ခွဲစိတ်ကုသနိုင်ရေး ဌာန ဆိုင်ရာများ၊ မဇ္ဈိမလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးတင့် ဆွေနှင့် လူမှုရေးအသင်းအဖွဲ့များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ နိုင်ငံရေးပါတီများ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်လျက်ရှိပြီး လည်ပင်းကြီး လူနာ ၁၇ ဦးအား သွေးသုံးမျိုးစစ်ဆေးရာတွင် မိုင်းဖြတ် မြို့နယ်သင်္ဂဟလူမှုကူညီရေးအသင်း၊မိုင်းဖြတ်မြို့နယ် လူမှုကူညီရေးအသင်း၊ တာချီလိတ်မြို့နယ်ရှိ လူမှုရေး အသင်းအဖွဲ့များက ကုန်ကျစရိတ် ကူညီကျခံပြီး ကျန် ခွဲစိတ်လူနာများအား ခရိုင်ပြည်သူ့ဆေးရုံကြီးမှ အခမဲ့ သွေးစစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
ဝေယံလင်း(ပြန်/ဆက်)

No comments:

Post a Comment