Monday, February 5, 2018

ဘီးလင်းမြို့နယ်၌ လူထုဗဟိုပြု စီမံကိန်းလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

Image may contain: one or more people, people standing, outdoor and nature
ဘီးလင်း ဖေဖော်ဝါရီ ၎
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မွန်ပြည်နယ် သထုံခရိုင် ဘီးလင်းမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း ပထမနှစ်နှင့် ဒုတိယနှစ် စက်ဝန်းအတွက် လုပ်ငန်းများ ဆောင်ရွက်မှုကို တာဝန်ရှိသူများက ဖေဖော်ဝါရီ ၂ ရက်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် Teachnical Auditအဖွဲ့နှင့်အတူ ပြည်နယ် စီမံခန့်ခွဲရုံး တာဝန်ခံ၊ မြို့နယ်ဦးစီးမှူး၊ မြို့နယ်စီမံကိန်းမန်နေဂျာ၊ မြို့နယ် နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင်၊ ပြည်နယ်နှင် မြို့နယ်အဆင့် တာဝန်ခံ များပါဝင်ပြီး လူထုဗဟိုပြုစီမံကိန်းဖြင့် ဆောင်ရွက်နေသော လမ်း၊ တံတား၊ ရေပေးဝေရေး၊ မီးလင်းရေး၊ လူထုနားနေဆောင်နှင့် အခြားလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးပြီး ကျေးရွာကော်မတီဝင်များ၊ ကျေးရွာသားများနှင့် တွေ့ဆုံကာ စီမံကိန်းလုပ်ငန်း ဆောင်ရွက်ခဲ့မှုများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment