Monday, February 5, 2018

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို သာဂရစက်မှုနယ်မြေရှိ စက်ရုံများအား ကြည့်ရှုစစ်ဆေး

Image may contain: 3 people, outdoor
နေပြည်တော် ဖေဖော်ဝါရီ ၎
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ယမန်နေ့ နံနက် ပိုင်းတွင် ရေတာရှည်မြို့နယ် သာဂရ စက်မှုနယ်မြေရှိ အမှတ်(၁၅) အကြီး စားစက်ရုံသို့ရောက်ရှိပြီး Assembly Shopတွင် ကျန်းမာရေးဝန်ကြီးဌာန အတွက် လူနာတင်ယာဉ်များ တပ်ဆင် ထုတ်လုပ်နိုင်ရေးအတွက် အသင့် ပြင်ဆင်ထားရှိမှု အခြေအနေနှင့် လိုအပ်ချက်နှင့်အညီ အရည်အသွေး တိကျစွာထုတ်လုပ်နိုင်ရေးကို မှာကြား သည်၊၊ ထို့နောက် Silo ထုတ်လုပ်ရေး အလုပ်ရုံသို့ သွားရောက်ပြီး ဆန်းသစ် တီထွင်မှုပြုလုပ်ရာတွင် ဒီဇိုင်းသည် အရေးကြီးကြောင်း၊ တီထွင်မှုတိုင်း အတွက်Design Drawing ရှိရန် လိုကြောင်း၊Silo များအား နိုင်ငံတကာ အဆင့်မီ လက်ရာသေသပ်ကောင်းမွန် အောင် အထူးအလေးထားဆောင်ရွက် ရမည်ဖြစ်ကြောင်း မှာကြားသည်။
ဆက်လက်၍ အမှတ်(၂၆)အကြီးစား စက်ရုံသို့ရောက်ရှိပြီး ဂျပန်နိုင်ငံနှင့် ပူးပေါင်း၍ မြစ်ချောင်းများ၏ ရေစီး ကြောင်းတွင် တိုက်ရိုက်နေရာချ၍ လျှပ်စစ်ဓာတ်အား ထုတ်ယူအသုံးပြု နိုင်သည့် တာဘိုင်များ စမ်းသပ်ထုတ် လုပ်နေသည့် အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စု ဝန်ကြီးက ကျွမ်းကျင်ပညာရှင်များ၏ သင်ကြားလေ့ကျင့်ပေးမှုများကို တိတိ ကျကျ လိုက်နာဆောင်ရွက်ရမည် ဖြစ်ပြီး မိမိတို့ကိုယ်တိုင် ထုတ်လုပ် နိုင်သည်အထိ ကြိုးစားဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ယခုထုတ်လုပ် ထားရှိသည့် တာဘိုင်အား အမြန်ဆုံး လက်တွေ့စမ်းသပ်နိုင်ရေး ဆောင်ရွက် ရန်နှင့် အောင်မြင်အောင် ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ တီထွင်ဆန်းသစ်မှု များ ပြုလုပ်နိုင်ရေးအတွက် အမြဲ မပြတ် လေ့လာသင်ယူနေရန် လိုကြောင်း၊ လုပ်ငန်းများ ဆောင်ရွက် ရာတွင်Design မှတ်တမ်းများ ထားရှိရန်လိုကြောင်း မှာကြားသည်။
အမှတ်(၂၆) အကြီးစားစက်ရုံတွင် မြန်မာနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေး နိုင်ရေးအတွက် ဂျပန်နိုင်ငံနှင့် ပူးပေါင်း၍ Generator, Controller/ Inverter,Turbine များကိုပါ တစ်ပြိုင်နက်တည်း ထုတ်လုပ်သွားမည် ဖြစ်သည်။ ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဂျပန်နိုင်ငံ နှင့် ကိုရီးယားနိုင်ငံတို့မှ ကျွမ်းကျင် ပညာရှင်များက ဝန်ထမ်းများအား စာတွေ့၊ လက်တွေ့ လေ့ကျင့်သင်ကြား ပေးလျက်ရှိသည်။ စက်ရုံမှထုတ်လုပ် မည့် Coreless Generator, Con-troller/ Inverter, Turbine များကို ပြည်တွင်းသာမက ပြည်ပသို့လည်း တင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။
သတင်းစဉ်

No comments:

Post a Comment