Monday, February 5, 2018

နိုင်ငံတော်တရားရုံးချုပ်၏ ဆုံးဖြတ်ချက်အား အကောင်အထည်ဖော်မည်ဟု မော်လ်ဒိုက် သမ္မတပြောကြား

Image may contain: 1 person, smiling
မာလေ ဖေဖော်ဝါရီ ၎
မော်လ်ဒိုက်နိုင်ငံ၌ နိုင်ငံရေး ပြဿနာ တွေ့ကြုံနေကြရချိန် တွင် နိုင်ငံသူ နိုင်ငံသားများအားလုံး စိတ်ရှည်သည်းခံကြရန်၊ အမျိုးသား အကျိုးစီးပွားကို မျက်ခြည်ပြတ် မခံကြရန် မိမိတိုက်တွန်းကြောင်း သမ္မတ အဗ္ဗဒူလာယာမင်းက ဖေဖော်ဝါရီ ၄ ရက်တွင် ပြောကြားလိုက်သည်။
မိမိသည် မော်လ်ဒိုက်နိုင်ငံ၏ နိုင်ငံ့အကြီးအကဲ ဖြစ်ကြောင်း၊ နိုင်ငံတော် တရားရုံးချုပ်က မကြာသေးမီက တရားဥပဒေနှင့်အညီ ချမှတ်ခဲ့သော ဆုံးဖြတ်ချက်အား အကောင်အထည်ဖော်နိုင်ရေးအတွက် သမ္မတရုံးအပေါ် အပြည့်အဝ ယုံကြည်စိတ်ထားရှိကြရန် တရားဥပဒေ စိုးမိုးရေးဌာနများနှင့် ပြည်သူတို့ကို ပန်ကြားမေတ္တာရပ်ခံ အပ်ပါကြောင်း သမ္မတရုံးက ထုတ်ပြန်သော ကြေညာချက် တွင် ဖော်ပြသည်။
သမ္မတရွေးကောက်ပွဲကို စက်တင်ဘာလအတွင်း ကျင်းပပေးရန် မိမိအသင့်ရှိနေကြောင်း၊ ယင်းရွေးကောက်ပွဲ သည် ပြည်သူလူထုအတွင်း မိမိ၏ ရေပန်းစားမှု သို့မဟုတ် အတိုက်အခံ၏ရေပန်းစားမှုကို စမ်းသပ်ခွင့်ပေးမည်ဖြစ် ကြောင်း သမ္မတယာမင်းက ပြောကြားသည်။
နိုင်ငံတော်တရားရုံးချုပ်၏ ဆုံးဖြတ်ချက်အား စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကောင် အထည်ဖော်နိုင်ရေးအတွက် ယင်းတရားရုံးချုပ်နှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပြီဖြစ်ကြောင်း သမ္မတယာမင်းက ပြောကြားသည်။
မိမိ၏ ဦးစားပေးလုပ်ငန်းတာဝန်မှာ မော်လ်ဒိုက် နိုင်ငံအတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ထိန်းသိမ်း ရန် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
မော်လ်ဒိုက်တရားရုံးချုပ်သည် ဖေဖော်ဝါရီ ၁ ရက်က ဆုံးဖြတ်ချက်တစ်ရပ်ချမှတ်ခဲ့ရာတွင် သမ္မတ ဟောင်း မိုဟာမက် နာရှစ်နှင့် ဒုတိယ သမ္မတဟောင်း အာမက်အဗ္ဗဒီးတို့ အပါအဝင် ထင်ပေါ်ကျော်ကြားသော အကျဉ်းသားများကို ချက်ချင်းပြန်လည်လွှတ်ပေးရန် ညွှန်ကြားခဲ့သည်။
မည်သည့်သြဇာအာဏာ မပါရှိဘဲ တရားမျှတသော တရားစီရင်စစ်ဆေးမှု ပြုလုပ်ချိန်အထိ ယင်းအကျဉ်းသား များကို ပြန်လည်လွှတ်ပေးရမည်ဖြစ်ကြောင်း တရားရုံးချုပ် ၏ ဆုံးဖြတ်ချက်တွင် ဖော်ပြထားသည်။
မော်လ်ဒိုက်နိုင်ငံ၌ အတိုက်အခံလှုပ်ရှားသူများက ထင်ပေါ်ကျော်ကြားသော အကျဉ်းသားများကို ပြန်လည် လွှတ်ပေးရန် တောင်းဆိုသော ဆန္ဒပြပွဲများအတွင်း အဓိကရုဏ်းများ ဖြစ်ပွားခဲ့ပြီးနောက် တရားရုံးချုပ်၏ ဆုံးဖြတ်ချက်များ ပေါ်ထွက်လာခဲ့သည်။
ရိုက်တာ

No comments:

Post a Comment