Monday, February 26, 2018

ဆိုမာလီကမ်းလွန်တွင် ဓာတုပစ္စည်းတင်သင်္ဘောတစ်စင်းအား ပင်လယ်ဓားပြများ တိုက်ခိုက်

Image may contain: ocean, outdoor and water
မိုဂါဒစ်ရှူး ဖေဖော်ဝါရီ ၂၅
စင်ကာပူအလံ လွှင့်ထူထားသည့် ဓာတုပစ္စည်းတင် သင်္ဘောတစ်စင်းကို ဆိုမာလီပင်လယ်ဓားပြများဟု သံသယရှိသူများက ဖေဖော်ဝါရီ ၂၄ ရက် အစောပိုင်းတွင် တိုက်ခိုက်ခဲ့ရာ သင်္ဘောပေါ်ပါ လုံခြုံရေးအစောင့်များက ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း ဥရောပသမဂ္ဂရေတပ်က ပြောကြားသည်။
ယင်းတိုက်ခိုက်မှုသည် ဆိုမာလီကမ်းလွန်မှ ရေမိုင် ၁၆ဝ (ကီလိုမီတာ ၃ဝဝ ခန့်)အကွာတွင် ဖြစ်ပွားခဲ့ကြောင်း၊ ဓာတုပစ္စည်းတင်သင်္ဘောLeopard Sun အား လှေငယ် နှစ်စင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဥရောပသမဂ္ဂ ရေတပ်ဖွဲ့မှ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြ သည်။
ဓာတုပစ္စည်းတင်သင်္ဘော MT. Leopard Sun ပဲ့ပိုင်းသို့ လှေငယ်များချဉ်းကပ်လာပြီး ရေယာဉ်အား ပစ်ခတ်ခဲ့ကြောင်း၊ ယင်းသို့ ပစ်ခတ်ပြီးနောက် ရေယာဉ် တွင် အစောင့်လိုက်ပါသည့် လက်နက်ကိုင်လုံခြုံရေးများက ပြန်လည်သတိပေးပစ်ခတ်ခဲ့ကြောင်း ယင်းကြေညာချက် တွင် ဖော်ပြသည်။
ယင်းဖြစ်စဉ်သည် မိနစ် ၂ဝ ခန့်ကြာမြင့်ခဲ့ပြီး ပင်လယ် ဓားပြလှေများ အဝေးသို့နောက်ကြောင်း ပြန်လည်ထွက်ခွာ သွားကြောင်း အိန္ဒိယသမုဒ္ဒရာရေပြင်တွင် ကင်းလှည့် စောင့်ကြပ်မှုများပြုလုပ်နေသည့် ဥရောပသမဂ္ဂရေတပ်ဖွဲ့က ပြောကြားသည်။ ဓာတုပစ္စည်းတင်ရေယာဉ်နှင့် ရေယာဉ် ဝန်ထမ်းများ ဘေးကင်းလုံခြုံမှုရှိသည်ဟု အတည်ပြုနိုင် ကြောင်း ယင်းရေတပ်မှ ပြောကြားသည်။
တန်ချိန် ၅ဝဝဝဝ ခန့်ရှိသည့် အဆိုပါဓာတုပစ္စည်းတင် သင်္ဘောသည် အိုမန်နိုင်ငံ ဆိုဟာဆိပ်ကမ်းမှ တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့သို့ ဦးတည်ခုတ် မောင်းသည့်လမ်းကြောင်းတွင် ယင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယင်းတိုက်ခိုက်မှုသည် ပင်လယ်ဓားပြတိုက်မှုနှင့် ဆက်နွှယ်မှုရှိပုံရပြီး ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလကတည်းက စ၍ အဆိုပါရေပြင်ဒေသတွင် ပထမဆုံးဖြစ်ပွားခဲ့သောတိုက်ခိုက်မှုဖြစ်ကြောင်း သတင်းတွင်ဖော်ပြသည်။
ဆင်ဟွာ။

No comments:

Post a Comment