Monday, February 26, 2018

ဆီးရီးယားနိုင်ငံအတွင်း ရက် ၃ဝ ကြာ အပစ်အခတ်ရပ်စဲရေး ကုလသမဂ္ဂအဖွဲ့ တောင်းဆို

Image may contain: 15 people, people sitting
ကုလသမဂ္ဂ ဖေဖော်ဝါရီ ၂၅
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆီးရီးယားနိုင်ငံအတွင်း ရက် ၃ဝ ကြာ အပစ်အခတ်ရပ်စဲမှုကို တောင်းဆိုသည့် ဖြေရှင်းချက်တစ်ခုကို ချမှတ်ခဲ့ကြောင်း ယနေ့သတင်းများအရ သိရသည်။
ဆီးရီးယားတပ်ဖွဲ့များနှင့် ရုရှားတပ်ဖွဲ့တို့က ဒမတ်စကတ်မြို့အနီးရှိ ဂူအိုတာမြို့အရှေ့ပိုင်းတွင် ခုနစ်ရက်တိုင်တိုင် စစ်ဆင်ရေး ပြင်းထန်စွာ ဆင်နွှဲ လျက်ရှိသည်။ အဆိုပါတိုက်ခိုက်မှုတွင် ကလေးငယ်များအပါအဝင် အရပ်သား ၅ဝဝ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။
လုံခြုံရေးကောင်စီဝင်များအနေဖြင့် ပြည်သူများအား စားနပ်ရိက္ခာ ထောက်ပံ့ရေးနှင့် ဆေးဝါးကုသမှုများအတွက် အစွမ်းကုန် ကြိုးပမ်းလျက်ရှိ သည်။
အပစ်အခတ်ရပ်စဲမှုကို ဖေဖော်ဝါရီ ၂၄ ရက်တွင် စတင်ခဲ့ခြင်းဖြစ်သော် လည်း ဆီးရီးယားထောက်ခံအားပေးသော ရုရှားတပ်ဖွဲ့များက အပစ်အခတ် ရပ်စဲခြင်းမရှိသေးကြောင်း သိရသည်။
ကုလသမဂ္ဂအဖွဲ့ဆိုင်ရာ အမေရိကန်သံအမတ်ကြီး နစ်ကီ ဟေလေးက ဆီးရီးယားနိုင်ငံအတွင်း ယခုကဲ့သို့ ထိခိုက်ဒဏ်ရာ ရရှိသူအရေအတွက် တိုးမြှင့်ခြင်းသည် ရုရှားတပ်ဖွဲ့၏ အပစ်အခတ်မရပ်စဲခြင်းကြောင့် ဖြစ်သည် ဟု ၎င်းက ပြောကြားခဲ့သည်။
ကုလသမဂ္ဂအဖွဲ့ဆိုင်ရာ ဆီးရီးယားသံအမတ်ကြီး ဘာရှာ ဂျဖာရီက ဆီးရီးယားနိုင်ငံအနေဖြင့် ၎င်း၏ အကြမ်းဖက်သမားများကို ကာကွယ်ခုခံရန် အခွင့်အရေးရှိကြောင်း ကုလသမဂ္ဂအဖွဲ့က ချမှတ်ခဲ့သည့် အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ဖြေရှင်းချက်ကို ပြန်လည်ချေပပြောကြားခဲ့သည်။
ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့နေ ပြည်သူပြည်သားများအနေဖြင့် အကြမ်းဖက်တိုက်ခိုက်မှု အန္တရာယ်ကို ရင်ဆိုင်နေရကြောင်း ဆီးရီးယား သံအမတ်ကြီး ဘာရှာ ဂျဖာရီက ဆက်လက်ပြောကြား ခဲ့သည်။
ဆီးရီးယားအစိုးရအဖွဲ့အား ဆန့်ကျင်သည့် အုပ်စုနှစ်စုက ကုလသမဂ္ဂ အဖွဲ့က ချမှတ်သည့် အပစ်အခတ်ရပ်စဲမှုကို လိုက်နာမည်ဖြစ်ကြောင်း သီးခြား သတင်းထုတ်ပြန်ခဲ့သည်။ သို့သော် ဆီးရီးယားအဖွဲ့မှ ပစ်ခတ်မှုများ ဆက်လက် လုပ်ဆောင်ပါက ၎င်းတို့အနေဖြင့် ပြန်လည်ပစ်ခတ်မည်ဖြစ်ကြောင်း ၎င်းတို့ အဖွဲ့များ၏ ကြေညာချက်တွင် ပါရှိသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment