Saturday, February 3, 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အာရှဖောင်ဒေးရှင်းရုံးချုပ်မှဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံ

Image may contain: 2 people, indoor
အာရှဖောင်ဒေးရှင်းမှ မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှုဆိုင်ရာ အထောက်အကူပေးနေသည့် ကိစ္စရပ်များ ဆွေးနွေး
နေပြည်တော် ဖေဖော်ဝါရီ ၂
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ပြည်ထောင်စု ဆန်ဖရန် စစ္စကိုမြို့အခြေစိုက် အာရှဖောင်ဒေး ရှင်းရုံးချုပ်မှ ဥက္ကဋ္ဌMr. David Dale Arnold ဦးဆောင်သော ကိုယ်စား လှယ် ၃၂ ဦးပါ အဖွဲ့အား ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံသည်။ ထိုသို့တွေ့ဆုံစဉ် အာရှဖောင်ဒေးရှင်းမှ မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှုဆိုင်ရာ အထောက်အကူပေးနေ သည့် ကိစ္စရပ်များကို ဆွေးနွေးကြ သည်။
သတင်းစဉ်

No comments:

Post a Comment