မြစ်ကြီးနားမြို့တွင်းလမ်းများ တိုးချဲ့ခင်းကျင်းဆောင် ရွက်နေမှုနှင့် တက္ကသိုလ်နယ်မြေသန့်ရှင်းသာယာ လှပစေရေးအတွက် ဖေဖော်ဝါရီ ၂၄ ရက် နံနက် ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေး ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း ဆေးဝါးကုသခံလာ ရောက်သည့်လူနာများ ယာဉ်အန္တရာယ်ကင်းရှင်းစွာ ဝင်/ထွက်သွားလာနိုင်ရေး အဝင်/အထွက်လမ်း သစ်ဆောင်ရွက်သွားမည့် အခြေအနေနှင့် ဆေးရုံ အတွင်းဖွင့်လှစ်ထားသည့် ဈေးဆိုင်ခန်းများ စနစ် တကျဖြင့် သန့်ရှင်းသပ်ယပ်စွာ နေရာချထားပေးနိုင် ရေးကွင်းဆင်းစစ်ဆေးခဲ့ကြပြီး ထိုမှတစ်ဆင့် ခေမာ သီရိရပ်ကွက်၊ မဟာဗန္ဓုလလမ်း အရှည်ပေ ၆၉၂၅ ကို နိုင်လွန်ကတ္တရာခင်းကျင်း ဆောင်ရွက်နေမှုနှင့် လမ်းသားချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးကြသည်။
ယင်းနောက် မြစ်ကြီးနားတက္ကသိုလ်ကျောင်းဝင်း အတွင်း ဘောလုံးကွင်းတည်ဆောက်ရေးအတွက် မြေယာပြုပြင်ဆောင်ရွက်နေမှု၊ ခြံစည်းရိုးကာရံ နိုင်ရေးအတွက် ဆောင်ရွက်နိုင်မည့်အခြေအနေ တို့ကို ကြည့်ရှုစစ်ဆေးပြီး ပါမောက္ခချုပ်ဒေါက်တာ အောင်ဝင်း၊ပါမောက္ခများ၊ ဆရာ ဆရာမများနှင့် အစည်းအဝေးခန်းမ၌ တွေ့ဆုံပြီး ပြည်နယ် ဝန်ကြီးချုပ်က တက္ကသိုလ်နယ်မြေအတွင်း သန့်ရှင်း သာယာလှပစေရေးအတွက် မိမိတို့အစိုးရအဖွဲ့ အနေဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ ဆရာ ဆရာမများအနေဖြင့် လူငယ်များကို အနာဂတ်ခေါင်းဆောင်ကောင်းများဖြစ်လာစေရေး အကောင်းဆုံးသင်ကြားပြသပေးကြရန် လိုအပ် ကြောင်း တိုက်တွန်းမှာကြားပြီး ဆရာ ဆရာမ များ၏ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက် ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။
ပြည်နယ်(ပြန်/ဆက်)
No comments:
Post a Comment