Monday, February 26, 2018

တာချီလိတ်နယ်စပ်ဝင်ပေါက်မှ တစ်ဆင့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ ဝင်ရောက်

Image may contain: one or more people, tree and outdoor
နေပြည်တော် ဖေဖော်ဝါရီ ၂၅
နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များသည် မြန်မာနိုင်ငံ၏ ရေမြေတောတောင် သဘာဝအလှ များ၊ ခရီးသွားဆွဲဆောင်သည့်နေရာ များ၊ တိုင်းရင်းသားတို့၏ မတူကွဲပြား သည့် ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက် များ၊ လူနေမှုဘဝပုံစံများကို ကြည့်ရှု လေ့လာ သိမြင်ခံစားနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်များနှင့် နယ်စပ်ဝင်ပေါက်များမှ တစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ အဆက်မပြတ် ဝင် ထွက်သွားလာ လည်ပတ်လျက်ရှိ သည်။
ဖေဖော်ဝါရီ ၁၆ ရက်မှ ဖေဖော်ဝါရီ ၂၂ ရက်အထိ တာချီလိတ်နယ် စပ်ဝင်/ထွက်ပေါက်မှတစ်ဆင့် နေ့ ချင်းပြန်ခရီးစဉ် လာရောက်လည်ပတ် ကြသည့် နိုင်ငံခြားသားခရီးသွား ဧည့်သည် ၁၆၁ ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံခရီးစဉ်အနေဖြင့် ထိုင်းနိုင်ငံ သားနှင့် တတိယနိုင်ငံသား အများစု ပါဝင်သော နိုင်ငံခြားသားခရီးသွား ဧည့်သည် ၂၉၆ ဦး၊ ဗီဇာဖြင့်လာ ရောက်လည်ပတ်ကြသည့် ထိုင်းနိုင်ငံ သားနှင့် တတိယနိုင်ငံသား အများစု ပါဝင်သော နိုင်ငံခြားသားခရီးသွား ဧည့်သည် ၂ဝ၄ ဦးရှိကြောင်း သိရ သည်။
နေ့ချင်းပြန်ခရီးစဉ် လာရောက် လည်ပတ်ကြသော ခရီးသွားဧည့်သည် အများစုသည် တာချီလိတ်မြို့ရှိ အထင်ကရ နေရာများဖြစ်သော တာလော့ဈေး၊ ဘုရင့်နောင်ရုပ်တု၊ မဟာမြတ်မုနိဘုရားကြီး၊ ရွှေတိဂုံ စေတီတော်၊ တိုင်းရင်းသားကျေးရွာ၊ အာခါဈေး၊ တရုတ်ဘုံကျောင်းများ သို့ သွားရောက်လည်ပတ်ကြ
သည်။
ညအိပ်ခရီးစဉ် လာရောက် လည်ပတ်ကြသည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များသည် မိုင်း ဖြတ်မြို့ရှိ မြတ်စွာဘုရားခြေတော်ရာ စေတီ၊ ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိ၊ ဟိုခိုကျောင်း၊ ဝတ်အင်းကျောင်း၊ စွန်တောင်စေတီ၊ကျော့မ်ဆရီစေတီ၊ ရမ်ကုန်းကျောင်း၊ ပါလျန်ကျောင်း၊ ရပ်တော်မူ၊ သစ်တစ်ပင်တောင်၊ ကမ္ဘာ အေးစေတီစသည့် အထင်ကရ နေရာ များသို့ သွားရောက် လည်ပတ်ကြ သည်။
တာချီလိတ် နယ်စပ်ဝင်ပေါက်မှ တစ်ဆင့် ဝင်ရောက်သည့် နိုင်ငံခြား ခရီးသွားဧည့်သည် အရေအတွက်မှာ ၂ဝ၁၇ ခုနှစ် ဧပြီ ၁ ရက်မှ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်အထိ နေ့ချင်းပြန် ခရီးသည် စုစုပေါင်းမှာ ၈၅၃၇၃၅ ဦး ဖြစ်ပြီး မိုင်းဖြတ်၊ ကျိုင်းတုံခရီးစဉ်အနေဖြင့် ခရီးသည် စုစုပေါင်း ၁၄၄၄၉ ဦးနှင့် ဗီဇာဖြင့် တာချိတ်လိတ်မှတစ်ဆင့် လေယာဉ် ခရီးစဉ်ဖြင့် ပြည်တွင်းသို့ ဝင်ရောက် လည်ပတ်သည့် ခရီးသည်စုစုပေါင်း ၆၈၄၈ ဦးတို့ ဝင်ရောက်လည်ပတ်ခဲ့ ကြောင်း သိရသည်။
ကြေးမုံ

No comments:

Post a Comment