Monday, February 26, 2018

စည်ပင်နှင့်နယ်သာလန်အဖွဲ့တို့ ပူးပေါင်းကာ မြစ်အတွင်းအမှိုက်မစွန့်ပစ်ရေးအသိပညာပေး

Image may contain: one or more people, people standing, people walking, crowd and outdoor
ရန်ကုန် ဖေဖော်ဝါရီ ၂၅
မြစ်ချောင်း များအတွင်း အမှိုက် မပစ်
ရေးအတွက် ရန်ကုန်မြို့တော်စည်ပင်
သာယာရေးကော်မတီ ပတ်ဝန်းကျင်နှင့် သန့်ရှင်းရေးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ
နယ်သာလန် သံအမတ်ကြီးနှင့် သံရုံး
ဝန်ထမ်းများ၊ မြန်မာနိုင်ငံတွင် ရေကြောင်း
သွားလာရေးနှင့် ဆိပ်ကမ်းအင်ဂျင်နီယာ လုပ်ငန်းများ ဆောင်ရွက်နေသော နယ်သာလန်နိုင်ငံRoyal Haskoning
DHV မှ ဝန်ထမ်းများ စုပေါင်း၍ ယမန်နေ့
ညနေပိုင်းတွင် ရန်ကုန်မြို့ ဗိုလ်တထောင်
ဆိပ်ကမ်း၌ လူထုအသိပညာပေး အမှိုက်
ကောက်ပွဲအခမ်းအနားကို ကျင်းပသည်။
''မြစ်ချောင်းတွေ၊ ဆိပ်ကမ်းတွေမှာ အမှိုက်တွေပစ်ချနေခြင်းဟာ ကြီးမားတဲ့
စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး ဂေဟစနစ်ကို ထိခိုက်ပျက်ယွင်းစေပါတယ်။ ရန်ကုန်
မြို့တော်ကြီး သန့်ရှင်းသာယာလှပအောင်
ဆောင်ရွက်နေကြသလို မြစ်ချောင်းတွေ
ထဲမှာအမှိုက်တွေ မချဖို့လိုအပ်ပါတယ်။ ကုန်းပေါ်ကိုချ လိုက်တဲ့အမှိုက်တစ်စဟာ
ပြန်ကောက်ဖို့လွယ်ပေမယ့် မြစ်ချောင်းထဲ
ချလိုက်တဲ့အမှိုက် တစ်စကို ပြန်ကောက်
ဖို့ခက်ပါတယ်။ ရေစီးထဲမျောပါနေတဲ့ အမှိုက်တွေကို ရေသတ္တဝါတွေ စားသုံးမိတဲ့
အခါ သေကျေပျက်စီးမှုတွေဖြစ်လာပြီး
ဂေဟစနစ်ကို ပျက်စီးစေနိုင်ပါတယ်။ မျိုးသုဉ်းမှုတွေဖြစ်လာပါတယ်။ ဒါကြောင့်
မို့ မြစ်ချောင်းတွေထဲ အမှိုက်တွေပစ်မချ
ကြဖို့ လူတိုင်းသတိမူ ဆောင်ရွက်ကြရ
မှာဖြစ်ပါတယ်'' ဟု အမှိုက်ကောက်ရာတွင်
ပါဝင်သော ရန်ကုန်မြို့တော်စည်ပင်
သာယာရေးကော်မတီမှ ကော်မတီဝင်
ဒေါ်သန်းမြင့်အောင်က ပြောသည်။
''ကျွန်တော်တို့နယ်သာလန် အဖွဲ့အနေ
နဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီနဲ့ပူးပေါင်းပြီး မြစ်ချောင်း
တွေထဲ အမှိုက်မပစ်ရေး လူထုအသိပညာ
ပေး အမှိုက်ကောက်တာ ဒါနဲ့ဆို တတိယ
အကြိမ်ရှိသွားပြီဖြစ်ပါတယ်၊ ဒီလိုစုပေါင်း
လုပ်ရင် အလုပ်ကို ပိုပြီးနိုင်တယ်ဆို တာရယ်၊ ပြည်သူတွေအနေနဲ့ မြစ်ချောင်း
တွေထဲကို အမှိုက်မချသင့်ဘူးဆိုတာရယ် ကျယ်ကျယ်ပြန့်ပြန့်သိနိုင်ဖို့ ဒီလိုစုပေါင်း
အမှိုက်ကောက်ရခြင်းဖြစ်ပါတယ်'' ဟု Royal Haskoning
DHV မှ စီမံကိန်း မန်နေဂျာ Mr. Methi Pieper MSc က ပြောသည်။
အဆိုပါလူထုအသိပညာပေး အမှိုက်
ကောက်ခြင်းကို စည်ပင်သန့်ရှင်းရေး ဝန်ထမ်းများနှင့် နယ်သာလန် နိုင်ငံသား
များအပြင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် နှင့် ရေအရင်းအမြစ်မှဝန်ထမ်းများလည်း
ပါဝင်ရာ လူပေါင်း ၃ဝဝ ကျော်ဖြင့်
အသိပညာပေးခြင်းနှင့် အမှိုက်ကောက်
ခြင်းကို ပူးပေါင်းဆောင်ရွက်ကြသည်။ နယ်သာလန်နိုင်ငံသားများ ဦးဆောင်မှု
ဖြင့် ယင်းကဲ့သို့ လူထုအသိပညာ
ပေးအမှိုက်ကောက်ခြင်းကို ၂ဝ၁၆ ခုနှစ် ဧပြီတွင် လမ်းမတော်ဘုန်းကြီးလမ်းဆိပ်ခံ
တံတား၌လည်းကောင်း၊ ၂ဝ၁၆ ဒီဇင်ဘာ
တွင် ဗိုလ်တထောင်ဆိပ်ကမ်း၌လည်း ကောင်းဆောင်ရွက်ခဲ့ပြီး ယခုအကြိမ်မှာတတိယအကြိမ်ဖြစ်ကြောင်း၊ လူထု
စိတ်ဝင်စားပြီးထိရောက်မှုများလည်းရှိ
ကြောင်းသိရသည်။
စောဝေယံ

No comments:

Post a Comment