Monday, February 26, 2018

ထားဝယ်မြို့၌ လူငယ်ရေးရာမူဝါဒ မိတ်ဆက်ရှင်းလင်းပွဲနှင့် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေး

Image may contain: one or more people, crowd and indoor
ထားဝယ် ဖေဖော်ဝါရီ ၂၅
လူငယ်ရေးရာမူဝါဒမိတ်ဆက်ရှင်းလင်းပွဲနှင့်
ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးပွဲ အခမ်းအနား ကို ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၉ နာရီခွဲက
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ မြို့တော်
ခန်းမ၌ ကျင်းပသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့
မော်က အနာဂတ်ခေါင်းဆောင်များဖြစ်လာ
မည့် လူငယ်ထုဘက်စုံဖွံ့ဖြိုးရေးအတွက် ယခု
လူငယ်ရေးရာမူဝါဒမှာလည်း အရေးပါလှပါ
ကြောင်း၊ ယခုလူငယ်ရေးရာမူဝါဒထွက်ရှိပြီး
နောက် မူဝါဒမှာပါဝင်သည့် လူငယ်ဖွံ့ဖြိုးရေး ကဏ္ဍဖြစ်သည့် ပညာရေး၊ ကျန်းမာရေးနှင့်
အားကစား၊ အလုပ်အကိုင်အခွင့်အလမ်း၊
ကျား/မရေးရာ၊ မူးယစ် ဆေးဝါး၊ လူအခွင့်
အရေး၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံတကာ ဆက်ဆံ
ရေးအစရှိသည့် ကဏ္ဍများကိုလည်း လက်တွေ့
အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြရန်
လိုအပ်ကြောင်း၊ လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်
ရေးဆိုင်ရာ မဟာဗျူဟာ ရှေ့လုပ်ငန်းစဉ်များ
ကို ရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်
ရွက်ရမှာ ဖြစ်သည့်အတွက် တက်ရောက်လာကြ သည့် လူငယ်များနှင့် ဌာနဆိုင်ရာများမှ ကိုယ်
စားလှယ်များက အတူပူးပေါင်းပြီး ဆောင်ရွက်
သွားရမည်ဖြစ်ပါကြောင်း၊ လူငယ်ရေးရာမူဝါဒ ကို ဆက်စပ်ဌာနဆိုင်ရာများ လူငယ်များနှင့်
လူမှုအဖွဲ့အစည်းများအားလုံး တက်ညီလက်ညီ
ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်
ဆောင်ရွက်ပေးကြရန်လိုကြောင်း ပြောကြား
သည်။
ဆက်လက်၍ လူငယ်ရေးရာမူဝါဒရေးဆွဲရေး ဗဟိုကော်မတီဝင် သူရစိုး (ခ) ဦးဟိန်းထက်
က လူငယ်ရေးရာမူဝါဒသည် တိုင်းပြည်
အတွက်အရေးကြီးကြောင်း၊ အစိုးရမှလည်း ပူးပေါင်းပါဝင်လာမှုများ ရှိလာသောကြောင့် ယခုလို အကောင်အထည်ပေါ်လာကြောင်း၊
လူငယ်ရေးရာအတွက်ပူးပေါင်းပါဝင်ပေးကြ
သူများကို ကျေးဇူးတင်ရှိကြောင်း ပြောကြားပြီး
လူငယ်မူဝါဒရေးဆွဲရေး ဗဟိုကော်မတီဝင်
ကိုမျိုးမင်းဦးက လူငယ်ရေးရာမူဝါဒအခန်း
ကဏ္ဍများအကြောင်း ရှင်းလင်းပြောကြား သည်။
ထို့နောက် တာဝန်ရှိသူများက လူငယ်ရေးရာ
ကော်မတီများ၏ အရည်အချင်းသတ်မှတ် ချက်များကို အုပ်စုဖွဲ့ဆွေးနွေးကြပြီး မြို့နယ်
ကိုယ်စားလှယ်များ ရွေးချယ်ကြကာ တိုင်း
လူငယ်ရေးရာကော်မတီ အတွင်းရေးမှူးရွေး ချယ်ခြင်းနှင့် ပြည်ထောင်စုအဆင့် တိုင်းဒေသ
ကြီး ကိုယ်စားလှယ်များက အဆိုတင်သွင်းပြီး လူငယ်ကိုယ်စားလှယ်များက လူငယ်ရေးရာ မူဝါဒအကြောင်းကို ဖေဖော်ဝါရီ ၂၅ ရက် အထိ
ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment