Monday, February 26, 2018

ကမ်းပြိုကျမှုကာကွယ်ရန် ကျောက်စီမြေထိန်းနံရံ တည်ဆောက်

Image may contain: one or more people, outdoor and nature
ကြို့ပင်ကောက် ဖေဖော်ဝါရီ ၂၅
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ရှမ်းကွင်းကျေးရွာ ၌ မြို့လယ်ချောင်း ရေတိုက်စားမှုကြောင့် ကမ်းပြိုကျမှုကာကွယ်ရန် ကျောက်စီ
မြေထိန်းနံရံတည်ဆောက်ရေးလုပ်ငန်းကို ဇန်နဝါရီ ၁ ရက်မှစတင်၍ ဆည်
မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာမှ တည်ဆောက်လျက်ရှိသည်။
ရှမ်းကွင်းကျေးရွာ ကျောက်စီမြေထိန်းနံရံ အချိန်မီပြီးစီးရေးအတွက် ပဲခူးတိုင်း
ဒေသကြီး (BRCCA) အဖွဲ့နှင့် မြို့နယ်အဖွဲ့အစည်းဖြစ်သော ဆောက်လုပ်ရေး
ကြီးကြပ်မှုကော်မတီအဖွဲ့တို့က အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါကျောက်စီမြေထိန်းနံရံလုပ်ငန်းကို တိုင်းဒေသကြီး(B.E)ရန်ပုံငွေ
ကျပ်သန်း ၁၆ဝ အကုန်အကျခံ၍ ရှမ်းကွင်းကျေးရွာ မြို့လယ်ချောင်းရေ တိုက်စားခြင်းမှကာကွယ်ရန် အလျားပေ ၈ဝဝ အတွက် တည်ဆောက်သွား
မည်ဖြစ်ပြီး အမာခံရရှိစေရန် မျှောပိုင်ရိုက်ခြင်းလုပ်ငန်းဆောင်ရွက်ပြီး၍
သံကူကွန်ကရစ်နံရံ အမြင့်လေးပေတည်ဆောက်ကာ ရေစားသော ချောင်း
ကမ်းပါး လျှောစောင်းအလျား ၁၆ ပေခန့်အား ကျောက်ကြီးစီခြင်းလုပ်ငန်းဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းလုပ်ငန်းကို ယနေ့အချိန်
အထိ လုပ်ငန်းဆောင်ရွက်မှု ၅ဝ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း ဆည်
မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်ထွန်းက ပြောကြားခဲ့သည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)

No comments:

Post a Comment