Thursday, February 1, 2018

ဆိုချီ၌ ကျင်းပသော ဆီးရီးယားအရေး ဆွေးနွေးပွဲရလဒ် အားတက်စရာကောင်းကြောင်း ကုလအထူးသံတမန်ပြော

Image may contain: 12 people
ကုလသမဂ္ဂ ဇန်နဝါရီ ၃၁
ရုရှားနိုင်ငံ ဆိုချီမြို့၌ ကျင်းပပြီးစီးခဲ့သော ဆီးရီးယားအရေး ဆွေးနွေးပွဲ၏ ရလဒ်နှင့်ပတ်သက်၍ အကောင်းဘက်မှ ရှုမြင်ကာ အားတက်မိကြောင်း ဆီးရီးယားဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် စတက်ဖင်ဒီ မစ်ဆူရာက ပြောကြား သည်။
ဆီးရီးယားနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အတွက် မူကြမ်းရေးဆွဲသည့် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းနိုင်ရန် ဖော်ပြသော သဘောတူညီချက်ရရှိခဲ့ခြင်းမှာ အားတက်ဖွယ်ရာ ကောင်းလှကြောင်း အထူးသံတမန် မစ်ဆူရာက ပြောကြားသည်။
ရုရှား၊ အီရန်နှင့် တူရကီနိုင်ငံတို့၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ကျင်းပသော ဆိုချီဆွေးနွေးပွဲအပြီး ထုတ်ပြန်သည့် ကြေညာချက်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းရေးဆွဲရေးကော်မတီတစ်ရပ်ဖွဲ့စည်းရန် သဘောတူညီမှုရရှိကြောင်း အထူးသံတမန်က ပြောကြားသည်။
ဆိုချီဆွေးနွေးပွဲ အောင်မြင်မှုသည် ကုလသမဂ္ဂ၏ ဆီးရီးယားအရေးဆိုင်ရာ ဂျီနီဗာလုပ်ငန်းစဉ်အတွက် အထောက် အကူပြုကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ရေးဆွဲရေးကော်မတီ၌ အဖွဲ့ဝင် ၄၅ ဦးမှ ၅ဝ အထိ ပါဝင်မည်ဖြစ်ပြီး ဂျီနီဗာမြို့၌ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အထူးသံတမန်က အလေးအနက်ထား ပြောကြားသည်။
ကုလသမဂ္ဂက ဦးဆောင်သော ဂျီနီဗာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အရ ကုလသမဂ္ဂအထူးသံတမန်၏ အဆိုပြုချက် များကို သဘောတူညီခြင်း၊ ဆွေးနွေးခြင်းဆိုင်ရာ လိုက်နာရမည့် စည်းကမ်းများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ရေးဆွဲရေးကော်မတီဝင်များအား ရွေးချယ်ရေးလုပ်ငန်းစဉ်တို့နှင့် ပတ်သက်၍ သဘောတူညီမှု ရရှိအောင် ဆက်လက် လုပ်ဆောင်သွားကြမည်ဖြစ်ကြောင်း ကုလသမဂ္ဂ အထူးသံတမန်က ပြောကြားသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းရေးဆွဲရေးကော်မတီ၌ ပါဝင်မည့် ပုဂ္ဂိုလ်များအား စိစစ်ရွေးချယ်နိုင်ရေးအတွက် စံနှုန်းများ သတ်မှတ်ခြင်းကို မကြာမီ မိမိထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ဆင်ဟွာ

No comments:

Post a Comment