Thursday, February 1, 2018

အမေရိကန်သမ္မတ ထရန့် ကွန်ဂရက်တွင် မိန့်ခွန်းပြော

Image may contain: 3 people, people smiling, people standing and suit
ဝါရှင်တန် ဇန်နဝါရီ ၃၁
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဇန်နဝါရီ ၃ဝ ရက်တွင် ကွန်ဂရက်၌ မိန့်ခွန်း တစ်ရပ် ပြောကြားခဲ့ကြောင်း ယနေ့သတင်းများ အရ သိရသည်။
အဆိုပါမိန့်ခွန်းတွင် အခွန် ဖြတ်တောက်မှုနှင့်ပတ်သက်ပြီး ကောင်းမွန်စွာ ကိုင်တွယ်နိုင်ခဲ့ကြောင်း သူ၏စွမ်းဆောင်ရည် ရှိမှုကို အလေးပေးပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံအတွင်း အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုမြင့်တက်လာစေရန်နှင့် မျှတသော ကုန်သွယ်ရေးစနစ်တစ်ရပ် ပေါ်ထွန်းလာစေရန် ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက်တစ်ပါတီနှစ်ရပ်၏ ထောက်ပံ့ပေးမှု များ လိုအပ်ကြောင်း တိုက်တွန်းပြောကြား ခဲ့သည်။
အမေရိကန်ပြည်သူများအနေဖြင့် လုံခြုံ ဘေးကင်းသော ကဏ္ဍစုံတောင့်တင်းခိုင်မာကာ ဂုဏ်ယူဝင့်ကြွားနိုင်သော အမေရိကန် ပြည်ထောင်စု ထွက်ပေါ်လာရေးအတွက် ဝိုင်းဝန်းကြိုးပမ်းလျက်ရှိကြောင်း သမ္မတထရန့် က ပြောကြားခဲ့သည်။
ထို့ပြင် သမ္မတထရန့်က အခွန်ကောက်ခံ မှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ အပါအဝင် သူ၏ ပထမသမ္မတသက်တမ်းတွင် ရရှိခဲ့သော အောင်မြင်မှုများကို အလေးပေးပြောကြားခဲ့ သည်။
အမေရိကန် ပြည်ထောင်စုသည် ကာလရှည်ကြာကျင့်သုံးခဲ့သည့် နိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက်စေပြီး မျှတမှုမရှိသော ကုန်သွယ်ရေးစာချုပ်များကို ဖျက်သိမ်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း သမ္မတထရန့်က ပြောကြားခဲ့ သည်။
အမေရိကန်ပြည်ထောင်စုတွင် ဘေးကင်း၊ မြန်ဆန်၊ ယုံကြည်စိတ်ချရသော ခေတ်မီသည့် နိုင်ငံရေးနှင့် စီးပွားရေးစနစ်သစ်တစ်ခုကို ဖန်တီးရာ၌ နိုင်ငံရေးပါတီ နှစ်ရပ်အား ပူးပေါင်းပါဝင်ကြရန် ၎င်းအနေဖြင့် တိုက်တွန်းပြောကြားလိုကြောင်း သမ္မတထရန့် က ဆိုသည်။
ထို့ပြင် အမေရိကန်ပြည်ထောင်စု၏ ပြည်သူ့အကျိုးစီးပွား အောင်မြင်ဖြစ်ထွန်းစေ ရေးအတွက် လာမည့်နှစ်များတွင် အနည်းဆုံး ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံ သုံးစွဲခွင့်ပြုရန် ကွန်ဂရက်အား သမ္မတထရန့်က တိုက်တွန်း ပြောကြားခဲ့သည်။
သမ္မတထရန့်အစိုးရ၏ လူဝင်မှုကြီးကြပ် ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများတွင် ငယ်ရွယ်စဉ်ကစပြီး အမေရိကန်ပြည်ထောင်စု သို့ မိဘများနှင့်အတူတကွ ရောက်ရှိလာသည့် တရားမဝင် ရွှေ့ပြောင်းဒုက္ခသည်များ၏ ကလေးငယ်များကို နိုင်ငံသားအဖြစ် သတ်မှတ် ပေးသည့် မူဝါဒတစ်ရပ်ကို ချမှတ်နိုင်ခဲ့ကြောင်း သမ္မတထရန့်က ဆိုသည်။
ထို့ပြင် မက္ကစီကိုနိုင်ငံနှင့် နယ်နိမိတ် သတ်မှတ်စည်းခြားသည့် ခြံစည်းရိုးတစ်ခု တည်ဆောက်ရေးအတွက် လိုအပ်ငွေပမာဏ ရရှိစေရန် နိုင်ငံရေးပါတီနှစ်ရပ်လုံးက ထောက်ခံအားပေးကြရန်လိုအပ်ကြောင်း သမ္မတထရန့်က ပြောကြားခဲ့သည်။
မြောက်ကိုရီးယားနျူကလီးယားဒုံးကျည် များက အမေရိကန်ပြည်ထောင်စုအား အချိန် မရွေး ခြိမ်းခြောက်နိုင်ကြောင်း သမ္မတထရန့်က သတိပေးပြောကြားခဲ့သည်။ အမေရိကန်အနေ ဖြင့်လည်း ထိုကဲ့သို့ ခြိမ်းခြောက်မှုများ မရှိစေ ရန် ပြုံယမ်းအား ဖိအားအမြောက်အမြား ပေးသွားမည်ဖြစ်ကြောင်း သမ္မတထရန့်က ဆက်လက်ပြောကြားခဲ့သည်။
ဆီးရီးယားနှင့် အီရတ်နိုင်ငံများရှိ အိုင်အက်စ်စစ်သွေးကြွများအား တိုက်ခိုက် ချေမှုန်းရာတွင် အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့က အောင်မြင်စွာ စွမ်းဆောင် နိုင်ခြင်းအတွက် အလွန်ပင် ဂုဏ်ယူမိပါ ကြောင်း သမ္မတထရန့်က ဆိုသည်။ မည်သို့ပင် ဆိုစေကာမူ စစ်သွေးကြွအဖွဲ့များ ကမ္ဘာမြေ ပေါ်မှ ကင်းစင်သွားသည့်တိုင် အမြစ်ပြတ် ဆက်လက်ချေမှုန်းရမည်ဖြစ်ကြောင်း သမ္မတ ထရန့်က ဆက်လက်ပြောကြားခဲ့သည်။
အင်န်အိတ်ခ်ျကေ

No comments:

Post a Comment