Wednesday, February 28, 2018

ကျောင်းသား၊ ကျောင်းသူလေးများဥာဏစွမ်းရည်ပြိုင်

Image may contain: 2 people, people sitting and table
လှည်းကူး ဖေဖော်ဝါရီ ၂၇
ကျောင်းသား၊ ကျောင်းသူ ကလေး သူငယ်များ ဥာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပုံပြောပြိုင်ပွဲ၊ ဆေးရောင် ခြယ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများကို လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ဖေဖော်ဝါရီ ၂၆ ရက်က ကျင်းပခဲ့သည်။
မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်ရည် ရည်မွန်က ပြိုင်ပွဲများကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပုံပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပန်းချီ ပြိုင်ပွဲတို့ကို ကျင်းပခဲ့ရာ အ-မ-က ရန်ကင်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဝင်းမြင့်၊ မြို့နယ်စာရေးဆရာ ဦးကျော်မင်းညွန့်(လှည်းကူး)နှင့် ပန်းချီဆရာ ဦးစောဂျနှုံးတို့က အကဲဖြတ် အမှတ်ပေးခဲ့ကြပြီး မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ကြ ပြီး ဆုရ ကျောင်းသား၊ ကျောင်းသူ ကိုးဦးအား တာဝန်ရှိသူများက အရုပ်များနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ သည်။
နိုင်လင်း (ပြန်/ဆက်)

No comments:

Post a Comment