Wednesday, February 28, 2018

ဖျာပုံတံတားမီးလင်းရေးဆောင်ရွက်နိုင်ပြီဖြစ်၍ ပြည်သူများပျော်ရွှင်စွာသွားလာနိုင်

Image may contain: sky, bridge and outdoor
ဖျာပုံ ဖေဖော်ဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့
ဂုဏ်ဆောင် ဖျာပုံတံတားကြီး၏ သတ်မှတ်နေရာ များတွင် သက်ဆိုင်ရာမီးများ ထွန်းညှိပေးထား သော်လည်း ရာသီဥတုအခြေအနေ၊ လျှပ်စစ်
ဓာတ်အား အတက်အကျများကြောင့် ယခုနှစ်
အတွင်း မီးများပြည့်စုံစွာမလင်းနိုင်သည်မှာ သုံး လခန့်ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ဖြစ်ပေါ်နေသော အခြေအနေများ
တွင် ဖျာပုံခရိုင်လမ်းဦးစီးဌာန၊ လက်ထောက်
ညွှန်ကြားရေးမှူး ဦးကျော်ဇော၊ ဦးစီးအရာရှိ
ဦးအုန်းမောင်တို့၏ စီစဉ်ညွှန်ကြားမှုများဖြင့်၊ တံတားအထူးအဖွဲ့(၁၅)မှ အငယ်တန်းအင်ဂျင် နီယာ (၂) ဦးရဲမင်းနှင့်အဖွဲ့က ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၆ ရက် ဖျာပုံတံတားကြီး၏ သက်ဆိုင်ရာ သတ်မှတ်နေရာများတွင် မီးများ
ထိန်ထိန်လင်းစေရန် ဆောင်ရွက်ပေး နိုင်ပြီဖြစ်
ရာ ခရီးသွားပြည်သူများ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ ခရီးသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့ဖျာပုံမြို့က ပြည်သူတွေနဲ့
အနယ်နယ်အရပ်ရပ်က ခရီးသွားပြည်သူတွေ အတွက် နိုင်ငံတော်အစိုးရက တည်ဆောက်ပေး
ထားတဲ့ ဖျာပုံတံတားကြီးက လူမှုစီးပွားရေး အတွက် လွန်စွာအရေးပါတဲ့အပြင် တံတားကြီး ပေါ်မှာ လာရောက်အပန်းဖြေတဲ့ ပြည်သူတွေ
အတွက်လည်း မရှိမဖြစ်လိုအပ်တဲ့ တံတားကြီး
ဖြစ်ပါတယ်၊ ဒါအပြင်ညဦးပိုင်း၊ ညဥ့်နက်ပိုင်း
ခရီးသွားပြည်သူတွေနဲ့၊ နံနက်စောစော ဝေလီ
ဝေလင်းမှာ ကျန်းမာရေးအတွက် နေ့စဉ်လမ်း
လျှေက်တဲ့ ပြည်သူတွေအတွက်ပါ အဆင်ပြေတဲ့ အပြင် တံတားကြီး လုံခြုံရေးအတွက်လိုအပ်လို့ ယခုလိုတာဝန်ရှိသူတွေက ပွင့်လင်းရာသီမှာ မီးများလင်းအောင် လုပ်ဆောင်ပေးလို့ ပြည်သူ
တွေပျော် ရွှင်ချမ်းမြေ့စွာ ခရီးသွားလာနိုင်ပါပြီ'' ဟု တံတားကြီးခြေဆင်းအနီး အမှတ် (၁) ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။
ဖျာပုံတံတားကြီးကို ၂ဝဝ၄ ခုနှစ်တွင် စတင်ဖွင့်
လှစ်ပေးနိုင်ခဲ့ပြီးနောက်တွင် နှစ်စဉ်အကြောင်း
အမျိုးမျိုးကြောင့် မီးများလင်းနိုင်ခဲ့ခြင်း မရှိ
သည့်အချိန်ကာလများတွင် ပြည်သူများက
မီးလင်းနိုင်စေရန် လိုလားတောင့်တမှုများကို သက်ဆိုင်ရာတာဝန်ရှိ ဌာနဆိုင်ရာများက ပွင့်လင်းရာသီများတွင် ဆောင်ရွက်ပေးခဲ့သည်။
ယခုအခါ ဖျာပုံတံတားကြီး၏ ဖျာပုံမြို့ဘက်
ခြမ်း တံတားကြီးခြေဆင်း လမ်းမီးတိုင် ၁၅ လုံး၊
ဒေးဒရဲမြို့နယ် အုန်းပင်ကျေးရွာဘက် တံတားကြီး
ခြေဆင်းတွင် လမ်းမီးတိုင်ခုနစ်လုံး၊ ရေလယ်ပင်မ
တံတားပေါ်တွင် လမ်းမီးရှစ်လုံး၊ ရေလယ်ဘိုးပိုင် များတွင် ရေကြောင်း အချက်ပြမီးရှစ်လုံး၊ ရေ ကြောင်းပြမီးခြောက်လုံး အပါအဝင်စုစုပေါင်းမီး ၄၄ လုံး ထိန်ထိန်လင်းနေဖြစ်သည်။
တံတားကြီး ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် မီးများထိန်ထိန်လင်းစေရေးကို တာဝန်ရှိ သူများက ဆောင်ရွက်လျက်ရှိပြီး တံတားကြီး၏
လူသွားလမ်း ပလက်ဖောင်းများပေါ်တွင် ဝိုင်းဖွဲ့
၍ အရက်သေစာသောက်စားမူးယစ်မှုများကို
ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက မြို့မိ၊ မြို့ဖများ၊
ရပ်၊ ကျေးအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
၅၄ဝ

No comments:

Post a Comment