Wednesday, February 28, 2018

မြောက်ဦးခရိုင်အတွင်းရှိ မြို့နယ်များတွင် နွေစပါး ၃၄၂၆ ဧက လျာထားပြီးဆောင်းသီးနှံ ၁၄ဝဝ၁၉ ဧက စိုက်ပျိုးနိုင်ခဲ့

Image may contain: sky, nature and outdoor
မြောက်ဦး ဖေဖော်ဝါရီ ၂၇
၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် မြောက်ဦးခရိုင်အတွင်းရှိ မြို့နယ် လေးမြို့နယ်၌ နွေစပါးအနေဖြင့် ကျောက်တော်မြို့ရှိ ပြိုင်းချောင်ဆည် အပါအဝင် ၃၄၂၆ ဧက လျာထားပြီး ဖေဖော်ဝါရီ ၂၇ ရက်ထိ ဧက ၂၈၃ စိုက်ပျိုးထားပြီးဖြစ်ကြောင်း၊ ဆောင်း သီးနှံ ၁၄ဝဝ၁၉ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ မြောက်ဦးခရိုင်အတွင်း စိုက်မြေဧက ၃၈၄၂၁ဝ ရှိကြောင်း၊ မြောက်ဦးခရိုင်အတွင်းရှိ မြို့နယ် အသီးသီးတွင် နွေစပါးနှင့် ဆောင်း သီးနှံများ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် မြောက်ဦးခရိုင်၌ မိုးစပါးလျာထားဧက ၃၈ဝ၆၇၉ တွင် ၃၈၄၂၁ဝ ဧက စိုက်ပျိုးနိုင်ခဲ့သဖြင့် လျာထားဧက ထက် ၃၅၃၁ ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧကပျမ်းမျှ အထွက်နှုန်း ၆၄ ဒသမ ၆၈ တင်းထွက်ရှိခဲ့ကြောင်း၊ နွေစပါးစိုက်ပျိုးရာသီတွင် မြောက်ဦး မြို့နယ်တွင် နွေစပါး ဧက ၁၂၈ဝ ကို လည်းကောင်း၊ ကျောက်တော်မြို့နယ် တွင် နွေစပါးဧက ၁၅၅ဝ ကိုလည်း ကောင်း၊ မင်းပြားမြို့နယ်တွင် နွေစပါး ၅၉၆ ဧကကို လည်းကောင်း၊ စိုက်ပျိုးရန် လျာထားလျက်ရှိကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးအေးထွန်းက ပြောသည်။
မြောက်ဦးခရိုင်အတွင်းရှိ စိုက်ပျိုး မြေအများစုမှာ အစိုဓာတ်မထိန်းသိမ်း နိုင်သော မြေများဖြစ်ခြင်းကြောင့် အစိုဓာတ် ထိန်းသိမ်းနိုင်သည့် လယ်မြေများနှင့် လေးမြို့မြစ်၊ ကစ္ဆပနဒီမြစ်ကမ်းဘေးနေရာများတွင် အဓိက စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ ဆည်ရေ၊ သဘာဝရေနှင့် ချောင်းပိတ် ရေများဖြင့် စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ မြို့နယ်များတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုးစပါးများနှင့် အခြားသီးနှံများမှာ ပျက်စီးမှုများ ရှိခဲ့ကြောင်း၊ မိုးစပါးနှင့် အခြားသီးနှံ များကို နောက်ကျပြီးမှ စိုက်ပျိုးသည့် တောင်သူများလည်း ရှိကြောင်း၊ အချို့သော မြို့နယ်များတွင် နွေစပါး နှင့် ဆောင်းသီးနှံစိုက်ပျိုးမှုမှာ နောက်ကျမှုရှိကြောင်း ၎င်းက ပြောသည်။
ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment