Monday, February 26, 2018

ဒုတိယအကြိမ်မြောက် အလှူတော်အိုးသူကြီး မြန်မာ့ရိုးရာ အိုးကြီးချက် အလွတ်တန်းပြိုင်ပွဲကြီးနှင့် ဈေးရောင်းပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

Image may contain: one or more people, people eating, people sitting, table, child, outdoor and food
ရန်ကုန် ဖေဖော်ဝါရီ ၂၅
မြန်မာလူမျိုးများ၏ ရိုးရာဓလေ့ ထုံးတမ်းများ ပျောက်ကွယ်မသွား စေလိုသည့်ရည်ရွယ်ချက်ဖြင့် မြန်မာ နိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များ အသင်းက ကြီးမှူးကျင်းပမည်ဖြစ်သော ဒုတိယအကြိမ်မြောက် ''အလှူတော် အိုးသူကြီး'' မြန်မာ့ရိုးရာအိုးကြီးချက်အလွတ်တန်းပြိုင်ပွဲကြီးနှင့် ဈေးရောင်း ပွဲတော်အား မတ် ၂၃ ရက်မှ ၂၅ ရက်အထိ ဒဂုံမြို့နယ် ပြည်လမ်းရှိ ပြည်သူ့ရင်ပြင် ကွင်းအမှတ်(၁)၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဆယ့်နှစ်လရာသီ ပွဲတော်များ၊ ရှင်ပြုနားသပွဲများနှင့် မင်္ဂလာပွဲအမျိုးမျိုးကို စဉ်ဆက်မပြတ် ကျင်းပလျက်ရှိပြီး နယ်မြို့များနှင့် ကျေးရွာများတွင် ရွာလုံးကျွတ် ကလေးပါမကျန် အဝစား ကျွေးမွေး လှူဒါန်းလျက်ရှိကာ အိုးသူကြီးအများ စုမှာလည်း အကျိုးအမြတ်ကို ပဓာန မထားဘဲ လုပ်အားပေးချက်ပြုတ်ကြ သော စေတနာ့ဝန်ထမ်းများဖြစ်ကြ ကြောင်း၊ ယခုအခါ ပြောင်းလဲလာ သော ခေတ်နှင့် အစားအသောက် ဓလေ့စရိုက်များအရ အလှူကြီးများ နည်းပါးလာသကဲ့သို့ ပညာရှင်များ လည်း ရှားပါးလာပြီး တိမ်မြုပ်လုနီးနီး ဖြစ်နေသော မြန်မာ့အိုးကြီးချက် ပညာရပ်များ ပြန်လည်ဖော်ထုတ်နိုင် ရန်အတွက် အကျိုးအမြတ်ကိုမကြည့် ဘဲ စေတနာရှေ့ထား၍ ကူညီတတ် ကြသော အိုးသူကြီးများကို ချီးမြှင့် မြှောက်စားပေးနိုင်ရေးနှင့် မြန်မာ့ ရိုးရာ အစားအသောက်ကဏ္ဍ ပိုမိုမြင့်တက် လာစေရေးတို့အတွက် ကျင်းပရခြင်းဖြစ်ကြောင်း ပြိုင်ပွဲ ကျင်းပရေးကော်မတီမှ သိရသည်။
ပြိုင်ပွဲလုပ်မည့်ပုံစံအရ ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အသင်း ၄၈ သင်းထဲမှ အသင်း ၁၆ သင်းအား ဆန်ခါတင်ရွေးချယ်ပြီး ပထမရက် ပြိုင်ပွဲဖြစ်သော မတ် ၂၃ ရက်တွင် အသင်း ရှစ်သင်း ယှဉ်ပြိုင်ရမည်ဖြစ် ကာ ထိုအထဲမှ အသင်း နှစ်သင်းသာ ဗိုလ်လုပွဲသို့ တက်လှမ်းယှဉ်ပြိုင်ခွင့် ရမည်ဖြစ်သည်။ ပြိုင်ပွဲကြီး၏ ဒုတိယ ရက်ဖြစ်သော မတ် ၂၄ ရက်တွင်လည်း ပထမရက်ကဲ့သို့ပင် အသင်းရှစ်သင်း ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ထိုအထဲမှ အသင်းနှစ်သင်းသာ ဗိုလ်လုပွဲသို့ တက်လှမ်းယှဉ်ပြိုင်ခွင့် ရမည်ဖြစ် သည်။
နောက်ဆုံးဗိုလ်လုပွဲရက်ဖြစ်သော မတ် ၂၅ ရက်တွင် ပထမရက်နှင့် ဒုတိယရက်များ၌ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ယူခဲ့ကြသော အသင်း လေးသင်းမှ တစ်ပြိုင်တည်း ယှဉ်ပြိုင် သွားရမည်ဖြစ်ပြီး ထိုအသင်း လေးသင်းမှ ဒုတိယအကြိမ်မြောက် ''အလှူတော်အိုးသူကြီး'' မြန်မာ့ရိုးရာ အိုးကြီးချက် အလွတ်တန်းပြိုင်ပွဲ ပထမဆုကြီးအား ထိုက်တန်စွာ ရရှိ သွားမည်ဖြစ်ကာ ဒုတိယဆု၊ တတိယ ဆုနှင့် နှစ်သိမ့်ဆုများအား ရွေးချယ် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် ယခုအခါ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များ လာရောက် လျှောက်ထားလျက်ရှိ ကြောင်း သိရသည်။
မြန်မာ့ရိုးရာ အိုးကြီးချက် အလွတ်တန်းပြိုင်ပွဲ ကျန်းမာရေး စောင့်ရှောက်မှုကော်မတီမှ ဒေါက်တာ ဦးကျော်ဇောလင်းက ''ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ပြိုင်ပွဲဝင် တွေနဲ့ လာရောက်ကြည့်ရှုအားပေးကြ တဲ့ ဧည့်ပရိသတ်များအတွက် ကျန်းမာရေးအရ အရေးပေါ်တစ်စုံ တစ်ရာ ဖြစ်ပေါ်လာမယ်ဆိုရင် ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ဖို့ စီစဉ်ထားပါတယ်၊ ပြိုင်ပွဲမှာလည်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် မည်သူမဆိုဝင်ရောက်ယှဉ်ပြိုင်နိုင်ကြဖို့ ဖိတ်ခေါ်ထားပါတယ်''ဟု ပြောသည်။
အဆိုပါပြိုင်ပွဲမှ ပထမဆုဆွတ်ခူး ရရှိသည့် အသင်းအား ဆုကြေး ငွေကျပ် သိန်း ၅ဝ၊ ဒိုင်းဆု၊ ရွှေတံဆိပ် ဆုကိုလည်းကောင်း၊ ဒုတိယဆု ဆွတ်ခူးရရှိသည့် အသင်းအားဆုကြေး ငွေကျပ် သိန်း ၃ဝ နှင့် ငွေတံဆိပ်ဆု ကိုလည်းကောင်း၊ တတိယဆုဆွတ်ခူး ရရှိသည့်အသင်းအား ဆုကြေးငွေကျပ် သိန်း ၂ဝ နှင့် ကြေးတံဆိပ်ဆုကို လည်းကောင်း ပေးအပ်ချီးမြှင့်သွား မည်ဖြစ်ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်မည် ဖြစ်ကြောင်း၊ ဈေးရောင်းပွဲတော်၌လည်း လူသုံးကုန် ပစ္စည်းများ၊ စားသောက်ဆိုင်များကိုခင်းကျင်းပြသ ရောင်းချကြမည်ဖြစ်ပြီး ပြိုင်ပွဲဝင်များ ယှဉ်ပြိုင်ချက်ပြုတ်ထား သည်များကို လာရောက်ကြည့်ရှု အားပေးကြသည့် ဧည့်ပရိသတ်များ အတွက် စတုဒိသာပြန်လည်တည်ခင်း ကျွေးမွေးသွားမည်ဖြစ်ကြောင်း မြန်မာ့ ရိုးရာ အိုးကြီးချက်အလွတ်တန်းပြိုင်ပွဲ ကျင်းပရေးကော်မတီမှ သိရသည်။
ပွင့်သစ္စာ

No comments:

Post a Comment