Monday, February 26, 2018

အခြေခံမြားပစ်သင်တန်း ၁/၂ဝ၁၈ ဖွင့်ပွဲ ကျင်းပ

Image may contain: 7 people, people sitting, people standing, table and indoor
မင်းတပ် ဖေဖော်ဝါရီ ၂၅
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်နှင့် မင်းတပ်ခရိုင်၊ မြို့နယ်တို့ပူးပေါင်း၍ အခြေခံ မြားပစ်သင်တန်း ၁/၂ဝ၁၈ ဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၃ ရက်က မင်းတပ်မြို့ရှိ ဦးဝမ္မသူးဟာရှိန်း (မိုးလုံလေလုံအားကစားခန်းမ)၌ ကျင်းပသည်။
ဖွင့်ပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်ဦးက အမှာစကားပြောကြားပြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အားကစားပညာရပ်များအကြောင်း အကျယ်တဝင့် ပြောကြားသည်။
ယင်းနောက် အားကစားပစ္စည်းများပေးအပ်ရာ ချင်းပြည်နယ်လွှတ်တော် အမတ် ဦးတိတ်ထန်းနှင့် မင်းတပ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းတို့က လက်ခံ ခဲ့ကြပြီး လက်ဆောင်ပြန်လည်ပေးအပ်ကြသည်။
အခြေခံမြားပစ်သင်တန်းကို ယခုတတိယအကြိမ်အဖြစ် ဖွင့်လှစ်ခြင်းဖြစ်ပြီး ပထမအကြိမ် ၂ဝဝ၁ ခုနှစ်တွင် ဖွင့်လှစ်သည့်သင်တန်းမှ မြန်မာ့ဂုဏ်ဆောင် (မြားပစ်) ဒေါ်အောင်ငှိမ်း၊ ဒေါ်ကေသီ၊ ဒေါ်စန်းယုထွေး၊ ဒေါ်မေရီဆန်တို့ မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment