Monday, February 26, 2018

တောင်သမန်အင်းနှင့် ဦးပိန်တံတားဝန်းကျင်သန့်ရှင်းရေး စုပေါင်းအမှိုက်ကောက်

Image may contain: one or more people and outdoor
မန္တလေး ဖေဖော်ဝါရီ ၂၅
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ တောင်သမန် အင်းနှင့် ဦးပိန် တံတားပတ်ဝန်းကျင် သန့်ရှင်းသာယာလှပ ရေးနှင့် အမှိုက်ကင်းစင်ရေးClean Mandalay Campaign မှ ဦးဆောင်ကာ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊Trash Hero (MDY)အဖွဲ့ဝင်များ၊ ဟိုတယ်လုပ်ငန်းများနှင့် စိတ်ဝင်စားသူများ စုပေါင်း၍ ယနေနံနက်ပိုင်းက အမှိုက် ကောက် လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
''ဦးပိန်တံတားပတ်ဝန်းကျင်မှာ အမှိုက်တွေ စည်းကမ်းမရှိ စွန့်ပစ်ထားတော့ ကမ္ဘာလှည့်ခရီးသွားတွေ အတွက် မြင်မကောင်းဘူး၊ မြန်မာ့ပုံရိပ်မကျဆင်းအောင် အဖွဲ့စုံစုစည်းပြီးလုပ်ကြတာပါ၊ နောက်ပိုင်းမှာ အဖွဲ့အစည်း တွေနဲ့ ချိတ်ဆက်ပြီး ဦးပိန်တံတားသာမကဘဲ အခြား ခရီးသွားနယ်မြေတွေမှာ ဆက်လုပ်သွားမယ်၊ ဦးပိန် တံတားမှာ အရင်အဖွဲ့တွေကလည်း အမှိုက်ကောက်တာ လုပ်ကြပါတယ်''ဟု Unique Discoveryမှ ဦးသန့်ဇော်က ပြောသည်။
တောင်သမန်အင်းနှင့် ဦးပိန်တံတားသည်Tourism Site ဖြစ်၍ နိုင်ငံခြားခရီးသွားတိုင်းနီးပါး လာရောက်ခြင်း ကြောင့် မြန်မာ့ပုံရိပ်ကောင်းမွန်ရေးအတွက် ရည်ရွယ် ကြောင်း၊ ယနေ့ပြုလုပ်သည့် အမှိုက်ကောက်လှုပ်ရှားမှုတွင် ခရီးသွားလုပ်ငန်းတစ်ခုမှ နိုင်ငံခြားသားများ၊ ရတနာပုံ တက္ကသိုလ်မှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူ များနှင့် ဒေသခံများ ပါဝင်လာသည့်အပြင် စည်ပင်သာယာ ကလည်း အမှိုက်သိမ်းယာဉ်ဖြင့် ပူးပေါင်းကူညီခဲ့ကြသည်။
အဆိုပါနေရာသို့ လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသားခရီးသွားများတွင် ခရီးသွားလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်တွင်းခရီးသွားများ စသည့် အလွှာပေါင်းစုံပါဝင်ခြင်းကြောင့် နိုင်ငံပုံရိပ်မကျ ဆင်းစေရန်အတွက် ဒေသခံများနှင့် ပြည်တွင်းဧည့်သည်များ ကလည်း စနစ်တကျအမှိုက်စွန့်ပစ်ကြရန်လိုကြောင်း၊Tourism Siteများတွင် ပထမ ရည်မှန်းလုပ်ဆောင်ရာမှ နောက်ပိုင်းတွင် အခြားနေရာများတွင်လည်း Clean Mandalay Campaignအဖြစ် ဆက်လက်ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment