Wednesday, February 28, 2018

သဘာဝဘေး စီမံခန့်ခွဲရေးဆိုင်ရာအလုပ်ရုံဆွေးနွေး

Image may contain: one or more people, people sitting and indoor
ရန်ကုန် ဖေဖော်ဝါရီ ၂၇
မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် ဘက်စုံ
သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက
စီမံခန့်ခွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲပထမဆုံးအကြိမ်အဖြစ် ဖေဖော်ဝါရီ ၂၆
ရက် နံနက် ၉ နာရီက ရန်ကုန်မြို့တော်
ခန်းမ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်
ဦးက လူဦးရေသိပ်သည်းမှုများပြားလာသည်
နှင့်အမျှ ပြင်းထန်သည့် သဘာဝဘေးအန္တ
ရာယ်ကြုံလာပါက စီမံခန့်ခွဲမှုပိုင်းတွင် ပိုမိုပြင်ဆင်ထားရန်လို အပ်ကြောင်း၊ သဘာဝ
ဘေး အန္တရာယ်နှင့် ဆက်စပ်သည့် Project
များကို အခြားဝန်ကြီးဌာနများ ဆောင်ရွက်
လျက်ရှိသကဲ့သို့ ရန်ကုန်မြို့တော်စည်ပင်
သာယာရေးကော်မတီအနေဖြင့်လည်း ကမ္ဘာ့ဘဏ် ADG, AFG, JICAစသည့် အဖွဲ့
အစည်းများနှင့် ဆောင်ရွက်နေသည့် ပရော
ဂျက်များရှိပါကြောင်း ပြောကြားသည်။
''ရန်ကုန်မြို့အတွက် သဘာဝဘေး
အန္တရာယ်ကျရောက်တဲ့ အခြေအနေမှာ ကျွန်မတို့အနေနဲ့ ဘာတွေပြင်ဆင်ဖို့လို
မလဲ၊ စီမံခန့်ခွဲမှုအပိုင်းဟာ ဘယ်လို အနေ
အထားမှာရှိလဲ၊ ဘာတွေဖြည့်ဆည်း ဖို့လိုလဲ
ဆိုတဲ့ Result လေးတစ်ခုလုပ်ချင်တယ်လို့ Cologne တက္ကသိုလ်ကကမ်းလှမ်းလာတဲ့
အချိန်မှာ ကျွန်မတို့အတွက် အချိန်ကိုက်
ဖြစ်လို့ မြို့တော်ဝန်နဲ့ကော်မတီက ဒီပရော
ဂျက်ကို ဆောင်ရွက်ဖို့ သဘောတူခဲ့ပါ တယ်'' ဟု ဒေါ်လှိုင်မော်ဦးက ပြောသည်။
ယင်းနေ့ဆွေးနွေးပွဲတွင် ဂျာမနီနိုင်ငံ
Cologne တက္ကသိုလ်Institute of Geograp-
hy မှ ပါမောက္ခဒေါက်တာ Frauke Kraas
မြန်မာနိုင်ငံ ငလျင်ကော်မတီ မိုးလေဝသ
နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ လူမှု
ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ
ချထားရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေး
ဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာ
နိုင်ငံမီးသတ်တပ်ဖွဲ့၊ ရေအရင်းအမြစ်နှင့်
မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊
ရန်ကုန်တက္ကသိုလ်(ပထဝီဝင်)ဌာန၊ ရန်ကုန်
နည်းပညာတက္ကသိုလ်တို့မှ ပူးပေါင်းဆောင်
ရွက်မှု အခြေအနေများကို ဆွေးနွေးတင်ပြကြ
သည်။
ဇာနည်မောင်

No comments:

Post a Comment